မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်၊ ကမော့မြောက်ကွင်း အမှတ်
(၈၇၉)၊ ဦးပိုင်အမှတ်(၂)၊ ဦးအချိုမှုန့်- ဒေါ်ရေးတို့၏လယ်မြေတွင် အငှား
ကောက်စိုက်နေသည့် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်၊
ကမ်းနားပိုင်း၊ အိမ်အမှတ် (၇ဝ)တွင် နေထိုင်သူ မောင်အောင်ဆန်းသည် ဇွန် ၂၅
ရက် ညနေ ၃ နာရီက လယ်မြေတွင် စပါးစိုက်ပျိုးရင်း မြေအိုး တစ်လုံးအား
တက်နင်းမိသဖြင့် ဖော်ယူ ကြည့်ရှုခဲ့ရာမှ သင်္ကြန်
အတာ အိုးပုံစံ
မြေအိုးတစ်လုံး တွေ့ရှိခဲ့သည်။
အဆိုပါ အိုးအတွင်းမှ တစ်ပြားလျှင်
ငါးကျပ် သားခန့် ရှိသော အချင်း ၂ လက်မခန့်ရှိ ဘဲဥပုံ ငွေပြား ၃၂ ပြား၊
အလေးချိန် စုစုပေါင်း တစ်ပိဿာ ၂ဝ ကျပ်သား၊ အချင်း ၂ လက်မခန့် ရှိပြီး
လုံးပတ် ၁ လက်မခွဲ အလေးချိန် ၁ဝ ကျပ်သား ကျော်ရှိ သော ရွှေလက်ကောက်
တစ်ကွင်း၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ ဒသမ ၂ လက်မရှိသော အလေးချိန်
၁ဝ ကျပ်သားရှိ ငွေလက် ကောက်တစ်ကွင်း တို့ကို တွေ့ရှိခဲ့သည်။
မောင်အောင်ဆန်းနှင့် မိဘများက ၎င်းတို့ လက်ဝယ်ရရှိထားသော ရှေးဟောင်း
ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်၊ ငွေလက်ကောက် များအား ယနေ့ နံနက် ၉ နာရီခွဲတွင်
ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် မွန်ပြည် နယ်
ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ ဆက်လက် အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ