13 May, 2013

ဂျာမနီ နိုင်ငံသည် အင်ဒိုနီးရှားသို့ Leopard-2 တိုက်ပွဲဝင်တင့် ၁ဝ၄ စီး နှင့် စစ်သုံးယာဉ် ၆ဝ ခန့် တင်ပို့ရန် သဘောတူညီ

ဂျာမနီ နိုင်ငံသည် အင်ဒိုနီးရှားသို့ Leopard-2 တိုက်ပွဲဝင်တင့် ၁ဝ၄ စီး နှင့် စစ်သုံးယာဉ် ၆ဝ ခန့် တင်ပို့ရန် သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှားသို့ စစ်သုံးယာဉ်နှင့် တင့်ကားများ ရောင်းချရေးအတွက် Rheinmetall ကာကွယ်ရေး ပစ္စည်း ကုမ္ပဏီအား ဂျာမနီ လုံခြုံရေး ကောင်စီက ခွင့်ပြုခဲ့ပါ သည်။ Leopard-2  တင့်ကားများအား လူနေ ရပ်ကွက်များတွင် အသုံးပြု တိုက်ခိုက်မည်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက စိုးရိမ်လျက် ရှိပါသည်။ ဧပြီလ အတွင်းက ကာတာသို့ ယူရို ၁.၈၉ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် ဂျာမနီ လုံခြုံရေး ကောင်စီက ခွင့်ပြုခဲ့ပါသည်။ အမေရိကန်နှင့် ရုရှားနိုင်ငံပြီးက ဂျာမနီသည် တတိယ အကြီးမားဆုံး စစ်လက်နက် ပစ္စည်း ရောင်းချသည့် နိုင်ငံဖြစ်သည်။