ကမ္ဘာပတ်လမ်း
အတွင်းရှိ နိုင်ငံတကာ အာကာသ စခန်း၏ အအေးပေး စနစ်အတွင်း အမိုးနီးယား
ဓာတ်ငွေ့ ယိုစိမ့်မှု၏ အရင်းအမြစ်ဟု ယူဆရသော ကိရိယာကို အစားထိုး
လဲလှယ်ရန်နှင့် စစ်ဆေးမှုများ ပြုလုပ်ရန် အတွက် အမေရိကန် အာကာသ ယာဉ်မှူး
နှစ်ဦးသည် မေ ၁၁ ရက်က အာကာသ အတွင်း အရေးပေါ် လမ်းလျှောက်မှု
တစ်ရပ်ကို ပြုလုပ်ခဲ့ေ...ကြာင်း အမေရိကန် အာကာသ အေဂျင်စီ အဖွဲ့နာဆာ (NASA) ကပြောကြား ခဲ့သည်။
အာကာသ ယာဉ်မှူး ခရစ်ကက် ဆီဒီနှင့် တွမ်မက်ရှ်ဘန်း တို့သည် အစောပိုင်း
နှစ်ရက်က အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ခဲ့သည်ဟု ယူဆရသည့် အေးခဲသော
အမိုးနီးယား ချပ်ပြားများ အနက် ချပ်ပြားဟောင်း တစ်ခုကို ဖယ်ရှား
ခဲ့ပြီးနောက် အအေးပေး စနစ်ကို လည်ပတ် စေနိုင်သော စနစ်များ ပါဝင်သည့်
အရည်စုပ်စကအသစ်ကို လည်ပတ် လုပ်ကိုင်လျက် ရှိကြောင်း ယခု အချိန်ထိ ဓာတ်ငွေ့ ယိုစိမ့်မှု
တစ်စုံတစ်ရာ ထပ်မံ ပြသခြင်း မရှိသေးကြောင်း နာဆာ အဖွဲ့က အစီရင်ခံ စာတွင်
ပြောကြားထားသည်။်