13 May, 2013

ယခုနှစ်တွင် ရန်ကုန်မြို့တွင်း ဘတ်စ်ကားအမြန်ပို့ဆောင်ရေးစနစ် ပြုလုပ်ရန် လျာထား

ရန်ကုန်မြို့အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး တိုးမြှင့်နိုင်ရန် အတွက် ဘတ်စ်ကားလိုင်းများ တိုးချဲ့ခြင်းအပြင် ဘတ်စ်ကား အမြန်ပို့ ဆောင်ရေး စနစ်ကိုပါ ယခု ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းအရ သိရပါသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တိုး မြှင့်နိုင်ရန်အတွက် ယာဉ်လိုင်းများ တိုးချဲ့ခြင်း၊ ခရီးသည်တင် ဘတ်စ်ကား သစ်များအား ပြည်ပမှ တင်သွင်းခွင့် ထောက်ခံချက်များကို ဦးစားပေး ထုတ် ပေးခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် မော်တော် ယာဉ် အစီးရေများလာသည့်အပေါ် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိသောကြောင့် ခရီးသည်များမှာ ဘတ်စ်ကားပေါ်တွင်သာ အချိန်များ ကုန်ဆုံးနေရကြောင်း၊ ထို့ကြောင့် ဘတ်စ်ကားလိုင်း အမြန်ပို့ဆောင်ရေးစနစ် ပြုလုပ်ရန် လျာထား ခြင်း ဖြစ်သည်။ ၎င်းအပြင် ဘတ်စ်ကားလိုင်း အမြန်ပို့ဆောင်ရေးစနစ်ဟာ အထောက်အကူပြုစေရန်အတွက် ယာဉ်သွားလာမှု ကြပ်တည်းသည့် လမ်းကြောင်းများအား ပိုမို ချဲ့ထွင်ခြင်းအပြင် ရန်ကုန်မြို့ပြင်မှ ပတ်၍ အမြန် မြို့ပတ်လမ်း ဖောက်လုပ်ရန်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

Myanmar ICT Journal