13 May, 2013

မလေးရှား ပညာရေးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းကျောင်းများ စုံညီပွဲတော် ကျင်းပမည်

မလေးရှား လူ့စွမ်းအား အရင်းအမြစ် ၀န်ကြီး ဌာနနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု တိုးမြှင့်ရေး ဌာနတို့ ပူးပေါင်းပြီး မလေးရှား ပညာရေးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု တိုးမြှင့်ရေး သတင်းစာ ရှင်းလင်းပွဲကို မေ ၁၅ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ PARKROYAL Hotel Ruby Hall ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မလေးရှား လူ့စွမ်းအား အရင်းအမြစ် ၀န်ကြီး ဌာနနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု တိုးမြှင့်ရေး ရှင်းလင်းပွဲ ကျင်းပပြီးနောက် မေ ၁၈ နှင့် ၁၉ ရက်(စနေ၊ တနင်္ဂနွေနေ့) များတွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အထိ PARKROYAL Hotel မင်္ဂလာ ခန်းမ၌ မလေးရှား ပညာရေးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းကျောင်းများ အားလုံး စုံညီပွဲတော် ကျင်းပမည် ဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲနှင့် ပညာရေး စုံညီ ပွဲတော်သို့ မလေးရှား နိုင်ငံတွင် သွားရောက် လုပ်ငန်းခွင် ၀င်မည့်သူ များနှင့် ပညာသွားရောက် ဆည်းပူးမည့် သူများ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ