30 May, 2013

မြောက်ကိုးရီးယားက ခြောက်ပွင့်ဆိုင် စကားပြောဖို့ စဉ်းစား

မြောက်ကိုးရီးယားနိုင်ငံက ခြောက်ပွင့်ဆိုင် နျူးကလီးယားစကားပြောဆိုဆွေးနွေးမှုကို ပြန်လည် စတင်နိုင်မယ်လို့ယူဆရပေမယ့် နိုင်ငံထဲက နျူးကလီးယား လက်နက်ထုတ်လုပ်မှု အစီအစဉ်ကိုတော့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။မြောက်ကိုးရီးယားနိုင်ငံက အစိုးရသတင်းမီဒီယာအရှေ့စာမျက်နှာမှာ ဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော်မှာ မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ နယ်ချဲ့စနစ်ကိုဆန့်ကျင်နိုင်ဖို့အတွက် အင်အားကြီးမားတဲ့ နျူးကလီးယားလက်နက်ကသာ အာမခံနိုင်တဲ့ တခုထဲသော နောက်ဆုံးအနိုင်ရနိုင်တဲ့ နည်းလမ်း ဖြစ်တယ်လို့ဆိုပါတယ်။
မြောက်ကိုးရီးယား နိုင်ငံ အနေနဲ့ ခြောက်ပွင့်ဆိုင် စကားပြောဆို ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး စဉ်းစားနေတယ်လို့ မြောက်ကိုးရီးယားနိုင်ငံ ခေါင်းဆောင် Kim Jong-Un က တရုတ်နိုင်ငံ သမ္မတ ရှီကျင်ပင်းကို ပြောခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့တပတ်ထုတ် တရုတ်အစိုးရ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရ Xinhua သတင်းဌာနရဲ့ ဖော်ပြချက်အရ ခြောက်ပွင့်ဆိုင် စကားပြောဆိုဆွေးနွေးမှုအကြောင်းနဲ့ပတ် သက်ပြီး မြောက်ကိုးရီးယားခေါင်းဆောင်က တရုတ်နိုင်ငံ သမ္မတကို စာနဲ့ရေးပေးပို့ခဲ့တာဖြစ်ပြီးတော့ မကြာသေးခင်က မြောက်ကိုးရီးယား စစ်တပ်ထိပ်တန်းအရာရှိတွေ တရုတ်နိုင်ငံကို သွားရောက်ခဲ့စဉ်က ပေးခဲ့တာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ တောင်ကိုးရီးယားဖက်က မြောက်ကိုးရီးယားနဲ့ ပူတွဲလုပ်ဆောင်နေတဲ့ နယ်စပ်က စက်မှုဇုံလုပ်ငန်းကို ပြန်လည်ဖွင့်ပေးဖို့အတွက် တောင်ကိုးရီးယား ပြင်းပြင်းထန်ထန် တောင်းဆိုလိုက် တယ်လို့ သိရပါတယ်။

မြောက်ကိုးရီးယားနဲ့တောင်ကိုးရီးယားနှစ်နိုင်ငံ နယ်စပ်မှာ ပူးတွဲဖွင့်ထားတဲ့ စက်မှုဇုံကို ကျွန်းဆွယ်ကအခြေအနေတင်းမာမှုတွေကြောင့် ပြီးခဲ့တဲ့လက စတင်ပိတ်ချခဲ့တာဖြစ်ပါတယ်။

Radio Australia - Myanmar
မြောက်ကိုးရီးယားခေါင်းဆောင် Khin Jong-Un (Credit: AFP