ဟောလိဝုဒ်နာမည်ကျော်သရုပ်ဆောင် အင်ဂျလီနာဂျိုလီက သရုပ်ဆောင်ဘဝမှ အနားယူပြီး
ဒါရိုက်တာအဖြစ်သာရပ်တည် ဖွယ်ရှိသည်ဟုပြောကြားခဲ့ကြောင်း eonline သတင်းဌာနက
ယနေ့ဖော်ပြသည်။ အသက်(၃၉)နှစ်အရွယ်ရှိ အင်ဂျလီနာ ဂျိုလီသည် Varity
မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့ သော အင်တာဗျူးတွင် ''အနာဂတ်မှာ မဖြစ်မနေလုပ်မယ်လို့
ရည်ရွယ်ထားတဲ့ အရာတွေအများကြီး ရှိပါတယ်။ ဘရက်ပစ် နဲ့တွဲပြီး
သရုပ်မှန်ဇာတ်ကားတွေ ရိုက်ချင် တဲ့အချက်ကလဲ ကျွန်မအတွက်အရေးကြီး တဲ့
အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ကျွန်မနဲ့ပတ်သက်ပြီး လူတွေစိတ်ဝင်စား
နေတဲ့သတင်းတွေထဲမှာ သရုပ်ဆောင်ဘဝ ကနေ အနားယူတော့မယ်ဆိုတဲ့ သတင်း
တွေဖြစ်ပါလိမ့်မယ်။ အဲဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး အတိအကျ မပြောနိုင်သေး
ပေမယ့် လက်ရှိအချိန်မှာ ခံစားနေရတဲ့ ခံစားချက်ကို ရိုးရိုးသားသား ဝန်ခံရမယ်
ဆိုရင် ကင်မရာရှေ့ရောက်နေတာထက် ကင်မရာနောက်ကွယ်ကနေ စီစဉ်ညွှန် ကြား နေ
ရတာကို ပိုပြီးသဘောကျနေပါတယ်။ ဒါရိုက်တာလုပ်ရတာဟာ မျှော်လင့်ထား တာထက်
ပိုပြီးပင်ပန်းပေမယ့် အဲဒီအရာ က ကျွန်မကို ကျေနပ်မှုပိုပေးနိုင်စွမ်းရှိနေ
ပါတယ်။ လူတွေဟာ ခံစားချက်ကိုပဲဦးစား ပေးကြတာများပါတယ်။ ဒါကြောင့်
ကျွန်မအနေနဲ့ သရုပ်ဆောင်တဲ့အလုပ်ကို လုံးဝစွန့်လွှတ်ပြီး ဒါရိုက်တာအနေနဲ့ပဲ
ရပ် တည်တာ မျိုးဖြစ်လာနိုင်ပါတယ်။ ကျွန်မရဲ့ အဖေကြောင့် ဒါရိုက်တာပညာတွေ
အများ ကြီးရခဲ့ပါတယ်။ ကုလသမဂ္ဂအထူး သံအမတ် အနေနဲ့ ဆောင်ရွက်ခဲ့တာကလဲလူသိနည်း
တဲ့ဖြစ်ရပ်မှန်အကြောင်းအရာတွေကိုတင်ပြ လိုစိတ် များပြားစေခဲ့ပါတယ်။ ကျွန်မ
ဒါရိုက်တာအနေနဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ ဟာဒါကြောင့်ဖြစ်ရပ်မှန်
ဇာတ်လမ်းတွေကို ပဲအခြေခံခဲ့တာဖြစ်ပါတယ်''ဟုပြောသည်။ အင်ဂျလီနာဂျိုလီသည်ဒုတိယကမ္ဘာစစ်
နောက်ခံ စစ်သုံ့ပန်းတစ်ဦးအကြောင်း ကို နောက်ခံထားပြီး ဇာတ်လမ်းဆင်ထားသည့်
Unbroken ဇာတ်လမ်း ကိုဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးသည့် ဒုတိယမြောက်
ဇာတ်လမ်းအဖြစ် ရိုက်ကူးလျက်ရှိပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ရုံတင်ရန်ရည်
မှန်းလျက်ရှိသည်။ လက်ရှိအချိန်တွင် ရုပ်ရှင်ထုတ်လုပ်
ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဂျိုလီ၏ ခင်ပွန်းသည် ဘရက်ပစ်သည်
ဇနီးသည် ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးသည့် ဇာတ်ကားများကို
ကိုယ်ပိုင်ငွေဖြင့် ရိုက်ကူးထုတ်လုပ်ရန် စီစဉ်လျက် ရှိသည်ဆိုသော
သတင်းများလည်း ထွက် ပေါ်လျက်ရှိသည်။
ပြည့်ဖြိုးနိုင်
The Union Daily
