ပဲခူး မတ် ၁၇
ပဲခူးမြို့ နန်းတော်ရာရပ်ကွက် အင်းဝ(၂)လမ်း အမှတ် (၂၅၁၉) ဦးအောင်ကျော်ဦး
အသက် (၅၂)နှစ် နေအိမ် အပေါ်ထပ်၌ မတ် ၁၇ ရက် နံနက် ၉ နာရီက ဖုန်းအား
သွင်းရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွား သည်။
မီးလောင်ရာသို့ ပဲခူးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်မြင့်နှင့်
မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးပိုင်နှင့်
တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးမြင့်ညိုနှင့် ပြည်သူများ
ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၉ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။
နေအိမ်အပေါ်ထပ်မီးလောင်ကျွမ်းသဖြင့် မြို့မရဲစခန်းမှ ဦးအောင်ကျော်ဦးအား
(ပ)၁၂၃/၂ဝ၁၅ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
တင်စိုး(ပဲခူး)
The Mirror Daily
