အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းတွင် အမျိုးသမီးတစ်ဦးအသတ်ခံရသည့် အနေအထားဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။ဇူလိုင် ၂၇ ရက် နံနက်ကအောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ဆိုင်ခန်းလွတ်တစ်ခုတွင် လည်ပင်းညှစ်ခံထားရသည့် လက္ခဏာဖြင့် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ အဆိုပါ အမျိုးသမီးသည် ပဲခူးတိုင်း၊ အုတ်ဖိုမြို့ဇာတိဖြစ်ပြီး အသက် (၂၀) ခန့်ရှိကာ ခင်ပွန်း သည်နှင့်အတူ ကားဂိတ်များအ တွက် ခရီးသည်ခေါ်သည့်အလုပ် အတူတူလုပ်နေသူဖြစ်သည်။‘‘တိုကျိုလက်ဖက်ရည်ဆိုင် ဖွင့်ခဲ့တဲ့နေရာပဲ။ ဆိုင်ပိတ်ထား တာ အခန်းမလုံတော့ အနောက် ဘက်က တံခါးကို ဖျက်ဝင်ကြပြီး ကြုံရာကျပန်းတွေ ၀င်အိပ်နေ တတ်တာ။ သေတဲ့သူနဲ့ သူ့ခင်ပွန်းက ကားဂိတ်တွေကို ခရီးသည်ခေါ်ပေးတဲ့ အလုပ်လုပ်ကြတာ’’ဟု အောင်မင်္ဂလာအဝေးပြေးဝင်းရှိ အမျိုးသားတစ်ဦးက ပြောသည်။ အမျိုးသမီးသေဆုံးနေ ကြောင်း လူငယ်တစ်ဦးက တွေ့ရှိ ရာမှ ကားဝင်းအတွင်းရှိ တာဝန် ရှိသူများသို့ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။ ထို့နောက်ရဲတပ်ဖွဲ့ က လာရောက်စစ်ဆေးပြီး သေ ဆုံးသူ၏ ခင်ပွန်းကို လိုက်လံဖမ်း ဆီးရာ နေ့လယ်တွင် ဖမ်းမိခဲ့ ကြောင်း စုံစမ်းသိရှိရသည်။‘သေတာတော့ဟုတ်တယ်။ ရဲလုပ်ငန်းတွေ လုပ်နေသေးတာ မပြီးသေးလို့ ကျွန်တော်တို့တွေ မပြောနိုင်သေးဘူး။ လုပ်နေတဲ့ ကာလအတွင်းမှာ အခက်အခဲတွေရှိနေလို့ လူသတ်တာလား၊ လူသေတာလားဆိုတာ မပြောနိုင်သေးဘူး။ အလောင်းကိုတော့ ဆေးရုံကို သယ်သွားပါပြီ။ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပါ’’ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
28 July, 2014
အောင်မင်္ဂလာကားဝင်းအတွင်းတွေ့သည့် အမျိုးသမီးအလောင်းကို စစ်ဆေးနေ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
July
(56)
-
▼
Jul 28
(12)
- ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်
- အကင်အစားအစာများနှင့်ကျန်းမာရေး
- ရေသောက်ရမှာကို မပျင်းစေချင်ပါ
- လူအများစိတ်ဝင်စားခံရသော်လည်း အထီးကျန်မှုခံစားနေရသူ ...
- Dragon Blade ဇာတ်ကားအပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသ...
- မန္တလေးတိုင်း ပုဒ်မ ၁၄၄ အမိန့် အချိန်တစ်နာရီ ထပ်မံေ...
- အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး
- ကလေးကို မစနောက်ပါနဲ့
- ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ
- ကလေးများအား စာဖတ်ခြင်းစိတ်ဝင်စားစေရန်
- အောင်မင်္ဂလာကားဝင်းအတွင်းတွေ့သည့် အမျိုးသမီးအလောင်းက...
- နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် လျှောက်လွှာများစ...
-
▼
Jul 28
(12)
-
▼
July
(56)

