04 June, 2014

မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ စက်တင်ဘာ စရောင်းမည်ဟု တယ်လီနောအတည်ပြု

Photo: မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ စက်တင်ဘာ စရောင်းမည်ဟု တယ်လီနောအတည်ပြု
Wednesday, June 4, 2014

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များကို စက်တင်ဘာလမှ စတင်ရောင်းချမည် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့တော် တယ်လီနော ရုံးချုပ်တွင် ပြုလုပ်သည့် Net Monday အခမ်းအနား၌ တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“ခေါ်ဆိုခကို တွက်ချက်နေဆဲ ဖြစ်တဲ့အတွက် ထပ်ပြီး ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အသက်အရွယ် မကန့်သတ်ဘဲ မှတ်ပုံတင်ရှိသူတိုင်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“စက်တင်ဘာဆိုရင် အော်ရီဒူးထက် နည်းနည်းနောက်ကျမှာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ Hearts မိုဘိုင်းလ်ဖုန်းဆိုင်မှ ဒေါ်ဇာခြည်က ပြောဆိုသည်။
ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သည့် အော်ရီဒူးကမူ သြဂုတ်လဆန်းတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly