08 June, 2013

ကလေးငယ်များ ကိုယ်ထူကိုယ်ထလုပ်ဆောင်တတ်ရေး Yaung Global Leaders အဖွဲ့က ရှေ့ဆောင် လမ်းပြပေးမည်

ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များအဖွဲ့ ( Yaung Global Leaders)သည် နေပြည်တော်ဒေသတွင်းရှိ ကျောင်းနှစ်ကျောင်းမှ ကလေးငယ်များကို အာဟာရဖြည့်တင်းပေးခြင်းနှင့် ကျောင်းတွင်းဥယျာဉ်များ တည်ဆောက်ပေးခြင်းများကို စမ်းသပ်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
 " ကမ္ဘာ့စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ မူလတန်းကျောင်းတွေမှာ အာဟာရ တိုက်ကျွေးရေး အစီအစဉ်၊နောက် စဉ်ဆက်မပြတ် ပြည့်ဖြိုးမြဲကျောင်းတွင်း စိုက်ခင်းတွေ၊ ဥယျာဉ်များ ပျိုးထောင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်"ဟု ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင် အဖွဲ့ အကြီးတန်း ဒါရိုက်တာ ဒေးဗစ် အိုက်မန်းက ပြောသည်။

Shwe Myitmakha Media Group