08 June, 2013

၁၀ တန်းအောင်တို့အတွက် Singapore Scholarships

စင်ကာပူ ပညာရေးဝန်ကြီးဋ္ဌာန (Ministry of Education)မှာ အရှေ့တောင် အာရှနိုင်ငံတွေက လူငယ်လူရွယ်လေးတွေအတွက် စကော်လာ ပေးထားပါတယ်။  မြန်မာနိုင်ငံလည်း ဒီအထဲမှာပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေပြီးတော့ နောက်ထပ် ၄ နှစ်လောက်အထိ ပေးထားမယ်လို့ ဆိုပါတယ်။  ဒီ စကော်လာ ရွေးချယ်ခံခဲ့ရရင်တော့ စင်ကာပူမှာ ကျောင်းတက်ခွင့်ရပြီးတော့ Singapore-Cambridge General Certificate of Education Advance Level (GCE-A Level) ဒါမှမဟုတ် ဒါနဲ့ ညီမျှတဲ့ အသိအမှတ်ပြု Certificate ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ 
            ခေါင်းစဉ်မှာ ၁၀ တန်းအောင်တို့အတွက်လို့ ရေးထားပေမယ့် တစ်ကယ်တော့ ၁၉၉၇ ခုနှစ်ကနေ ၁၉၉၉ ကြားမှာမွေးတဲ့ ကလေးတွေ အားလုံးအတွက် အကျုံးဝင်ပါတယ်။  အဲ့ဒါရပြီးရင် ဘာဖြစ်လဲဆိုတော့ GCE-A လက်မှတ် ရတာပေါ့။  ရတော့ ဘာဖြစ်လဲဆိုတော့ စင်ကာပူကျောင်းမှာ ပြီးရင် ရတဲ့ အမှတ်ပေါ်မူတည်ပြီးတော့ တက္ကသိုလ်ဖြစ်ဖြစ်၊ Polytechnic ဖြစ်ဖြစ် ဆက်တက်ပေါ့။  ဒါပေမယ့် အဲ့ဒီ ဆက်တက်မယ့် ကျောင်းတွေအတွက်တော့  ထောက်ပံကြေး အကျုံးမ၀င်ပါဘူး။ 
            သူတို့ဆီက Website မှာ ရေးထားတာကတော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာနကနေပြီးတော့ ရွေးချယ်ပေးမယ်လို့ ဆိုပါတယ်။  ဒီတော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာနက ဒီအကြောင်းကို ရွှေပြည်တော်ကြီးမှာ သတင်းစာတွေကနေ ကြော်ငြာလားတော့ အကျွန်လည်း မသိ။
           
ဒီ ကျောင်းကို လျှောက်ထားမယ့် လူတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကတော့
  • -       မြန်မာနိုင်ငံသား ဖြစ်ရမည်
  • -       ၁၉၉၇ ကနေ ၁၉၉၉ ကြားမွေးဖွားသူဖြစ်ရမည်
  • -       အနည်းဆုံး Grade 9 (၉ တန်း) အောင်ပြီးသူများဖြစ်ရမည်
  • -       ၉ တန်းနဲ့ ၁၀ တန်းမှာ အင်္ဂလိပ်စာ သင်ခဲ့ဖူးသူများဖြစ်ရမည်
  • -       ကျောင်းစာမေးပွဲတွေမှာ အမှတ်ကောင်းကောင်း ရခဲ့သူများဖြစ်ရမည်
  • - အင်္ဂလိပ်စာ ကျွမ်းကျင်ပြီး၊ ကျောင်းရဲ့ လှုပ်ရှားမှု့လေးတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ဖူးတဲ့ အထောက်အထားရှိရမည်။


လောလောဆယ်မှာတော့
  • -       ဇွန် လ ၂၀၁၃ မှာ အင်တာဗျူးမယ်
  • -       စကော်လာ ပေးတာကတော့ စက်တင်ဘာ ၂၀၁၃ မှာ
  • -       စင်ကာပူကို ခေါ်မယ့်နေ့ကတော့ နိုဝင်ဘာ ၂၀၁၃ လို့ ဆိုထားပါတယ်။  ဒါပေမယ့် အခြေအနေပေါ်မူတည်ပြီး ရက်တွေ ပြောင်းလဲနိုင်ပါသေးတယ်။

အင်တာဗျူး နဲ့ စာမေးပွဲကိုတော့ ရန်ကုန်မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
ဒီ စကော်လာ ရရင် ဘာခံစားခွင့်တွေ ရမလဲ ဆိုတော့
  • ၁. နှစ်စဉ် စင်ကာပူဒေါ်လာ ၂၂၀၀ (အထက်တန်းအတွက်)၊  စင်ကာပူဒေါ်လာ ၂၄၀၀ (pre-university) ပေးပြီး၊ အပြင် ဘော်ဒါခန်းလဲ ပေးထားမှာ ဖြစ်ပါတယ်။
  • ၂. စင်ကာပူကို ရောက်ရောက်ချင်း စင်ကာပူဒေါ်လာ ၄၀၀ (တစ်ခါပဲပေးမှာပါ)
  • ၃. မြန်မာနိုင်ငံကို အပြန် လေယာဉ်လက်မှတ်
  • ၄. ကျောင်းစရိတ်ငြိမ်း (အခြားအထွေထွေ ကုန်ကျစရိတ်အတွက်တော့ မပါ)
  • ၅. GCE–O level နှင့် GCE-A level တို့အတွက် စာမေးပွဲကြေး ထောက်ပံပေးပါမယ် (တစ်ခါပဲပေးမှာပါ။  ကျခဲ့လို့ နောက်တစ်ဖြေရင် ကိုယ့်စရိတ်နဲ့ ကိုယ်)
  • ၆. ကျန်းမာရေး စောင့်ရှောက်မှု့နဲ့ accident ဖြစ်ခဲ့ရင် အာမခံ လုပ်ပေးထားမှာဖြစ်ပါတယ်။

ဘယ်လို ဘယ်ပုံလျှောက်ရမလဲ သိချင်ရင်တော့ မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဋ္ဌာနကို မေးပါလို့ ဆိုထားတဲ့ အတွက် သိလိုသူများ ရွှေပြည်ကြီးရဲ့ မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဋ္ဌာနရဲ့ သက်ဆိုင်ရာ ၀န်မင်းများကို မေးမြန်းကြပါ။  ပွင့်လင်းမြင်သာပြီး စည်းကမ်းသေ၀ပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေတယ်ဆိုတော့ ဒီလိုမျိုး အခွင့်အရေးတွေကို ပွင့်လင်းမြင်သာစွာ ပြည်သူတွေကို ချပြပေးလိမ့်မယ်လို့ ထင်ပါတယ်။  အင်း.. မဟုတ်ရင်တော့.. ထားပါတော့လေ။  အင်္ဂလိပ်လို ဖတ်ချင်သူများ အောက်က မူရင်းလင့်မှာ သွားပြီး ဖတ်နိုင်ပါတယ်။
Source : (Link)
AH