ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ နေအိမ် တစ်အိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်
ရှာဖွေခဲ့ရာ မျောက်များ၊ လိပ်များနှင့် ရှားပါးသော အဖြူရောင် ခြင်္သေ့ ၁၄
ကောင် အပါအဝင် သက်ရှိ သားရဲတိရစ္ဆာန် ၂ဝဝ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇွန် ၁ဝ ရက်တွင်
ပြောကြားခဲ့သည်။ ယခုအခါ ဗန်ကောက်မြို့တော် Chatuchak ဈေးရှိ အိမ်မွေး
တိရစ္ဆာန် အရောင်းဆိုင်မှ ပိုင်ရှင်တစ်ဦး အပါအဝင် ထိုင်းအမျိုးသား
နှစ်ဦးအား သားရဲ တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုဖြင့် တရားစွဲဆိုထားသည်။
ရှားပါးသော ခြင်္သေ့ ဖြူများအား တိရစ္ဆာန်ရုံသို့ ရောင်းချခွင့် ပါမစ်ကို
အသုံးပြု၍ နိုင်ငံအတွင်းသို့ တရားမဝင် တင်သွင်းလာခြင်း ဖြစ်ကြောင်း၊
၎င်းတရားခံနှစ်ဦးက တရားမဝင် သားရဲ တိရစ္ဆာန် ကုန်သွယ်မှု စွပ်စွဲချက်အား
ငြင်းဆိုထားသော်လည်း ၎င်းတို့အနက်မှ တစ်ဦးသည် တရားမဝင် တိရစ္ဆာန်များ
ကုန်ကူးမှုဖြင့် လွန်ခဲ့သော ၄ နှစ်က တရား ရင်ဆိုင်ခဲ့ဖူးသည်ကို ရဲတပ်ဖွဲ့
မှတ်တမ်းတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
မြ၀တီ
