04 June, 2013

နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အတွေ့အကြုံများ မျှဝေရေး၊ လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတွေ့ဆုံရာ၌ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အတွေ့အကြုံများ မျှဝေရေး၊ လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn တက်ရောက်ကြသည်။

EMG

သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်တို့အား ဇွန် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)