27 May, 2013

နာဂစ်ဘိုးဘွားရိပ်သာ ခေတ်သစ် ဘိက္ခုမာတာ ဦးစီးတည်ဆောက်နေ


ဧရာဝတီတိုင်းဖျာပုံခရိုင် ဘိုကလေးမြို့ နယ်ကဒုံကနိကျေးရွာမှာ နာဂစ်ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ဖို့အတွက် ခေတ်သစ် ဘိက္ခုမာတာလို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ ပြည်သူ့ ဂုဏ်ရည် ဆုရှင် ဒေါ်ရှုက ဦးစီးပြီး စီစဉ်နေတယ်လို့ သိရပါတယ်။နာဂစ်ဘိုးဘွားရိပ်သာအတွက် ကဒုံကနီရွာနေ မြေအလှူရှင် ဦးရှမ်းအောင်မြင့်နဲ့ မိသားစုက မြေ ၆ ဧက လှူဒါန်း ထားပြီး ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတော့ အုတ်မြစ်ချ ပန္နတင် မင်္ဂလာအခမ်းအနားကျင်းပခဲ့ပါတယ်။နာဂစ်ဘိုးဘွားရိပ်သာဖြစ်မြောက်ဖို့ထိုင်းနိုင်ငံဘန်ကောက်မြို့က ကူညီရေးနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အောင်သပြေကျောင်းဆရာတော်ဦးဇောတိက က အလှူငွေ ၁၃ သိန်းကျပ်၊ ဘန်ကောက်၊ မဟာချိုင် မှ ရွှေတွံတေး ဆရာတော်က အလှူငွေ ၁၀ သိန်းကျပ်၊ မဲဆောက်မှ ဦးစန္ဒောဘာသာက အလှူငွေ ၅ သိန်း ကျပ်၊ ကျေးရွာမှ စေတနာ ရှင်တွေ စုပေါင်းလှူဒါန်းငွေ ၃ သိန်းကျော်၊ စုစုပေါင်း ကျပ်သိန်း ၃၀ ကျော်နဲ့ မတည်ပြီး စတင်တည်ဆောက်နေတာဖြစ်ပါတယ်။


နာဂစ်ဘိုးဘွားရိပ်သာတည်ဆောက်ရေးနဲ့ပတ်သက်ပြီး စေတနာရှင်တွေ
အနေနဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင်ဒေါ်ရှုနဲ့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို
လည်း သိရပါတယ်။

ဧရာဝတီ