22 May, 2013

သြစီနဲ့ကန် အာရှ ပစိဖိတ်အတွင်း ပိုမိုအလေးပေးဖို့ ကြိုးစား

သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမယ့်နှစ်ကျရင် Afghanistan က သြစတြေးလျစစ်တပ်တွေပြန်လည် ရုတ်သိမ်းတော့
မယ်တဲ့အပေါ် သြစတြေးလျအနေနဲ့ အာရှပစိဖိတ်ဒေသအတွင်း ပိုမိုအရေးပေးလာမယ်လို့ အဓိပ္ပါယ်သက်ရောက်ကြောင်း ဆိုပါတယ်။
အခုဆိုရင် သြစတြေးလျကာကွယ်ရေးဝန်ကြီး Stephen Smith က အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့တွေ့ဆုံဖို့ မြို့တော်
ဝါရှင်တန်မှာ ရောက်ရှိတာဖြစ်ပါတယ်။

ကာကွယ်ရေးအတွက် အကြာခင်မှာပဲ အရင်းအမြစ်တွေ ပိုမိုရရှိ လာတော့မှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Stephen Smith ကပြောပါတယ်။

Afghanistan က တပ်တွေကို ပြန်လည်ရုတ်သိမ်းလိုက်မယ်ဆိုရင်
တောင်ပစိဖိတ်နဲ့ အရှေ့တောင် အာရှတွေမှာ ပိုမိုပူးတွဲတိုးချဲ့ လုပ်ကိုင်နိုင်မှာဖြစ်သလို ဒါဟာ အရေးကြီးတဲ့ လုပ်ငန်းတရပ်ဖြစ်
တယ်လို့လည်း ပြောကြောင်း သိရပါတယ်။

ABC Radio Australia
သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီး Stephen Smith အာဖဂန်နစ္စတန်
မှာရှိတဲ့ သြစတြေးလျ စစ်သားတွေဆီးသွားရောက်တွေ့ဆုံစဉ်