23 May, 2013

အိုင်အမ်အက်ဖ်၊ အာတီကယ်လ်-ဖိုးအဖွဲ့ လေ့လာသုံးသပ်ချက် အပြီးသတ်ထွက်ပေါ်

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် တိုးတက်မှုနှုန်း(၆.၇၅%) တိုးတက်မည် ဟု ခန့်မှန်း
မက်ခရိုစီးပွားရေးတည်ငြိမ်မှုထိန်းသိမ်းခြင်း၊ ရင်းနှီးမြုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှု မြင့်မားလာခြင်း စတဲ့အချက်တွေအပါ အဝင် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ ကောင်းကောင်း အလုပ်ဖြစ်ခဲ့တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် တိုးတက်မှုနှုန်းထားကို (၆.၅%) ရှိမယ်လို့ မှန်းထားတဲ့ အာတီကယ်-ဖိုးအဖွဲ့ဟာ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ဓါတ်ငွေ့ထုတ်လုပ်မှု၊ ပြည်ပရင်းနှီးမြုပ်နှံမှုတွေကြောင့် (၆.၇၅%)နှုန်းနဲ့ ဆက်လက် တည်ရှိနေမယ် လို့ ခန့်မှန်းထားကြပါတယ်။

လာမယ့်ဘဏ္ဍာရေးနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းထားကို (၅.၅%)ဝန်းကျင်နဲ့ ဆက်လက်ထိန်း ထားနိုင်မယ် လို့လည်း မှန်းထားပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံမှု စီးဝင်လာမှုတွေ မြင့်တက်လာတာ ကြောင့် နိုင်ငံခြားအရန်ငွေဟာလည်း ဆက်လက် တိုးပွားလာမယ် လို့ မှန်းထားပါတယ်။

ဒါပေမယ့်လည်း လျင်မြန်ပြီး ကျယ်ပြန့်လှတဲ့ စီးပွားရေးစနစ်အကူးအပြောင်းကြောင့် မက်ခရိုစီးပွားရေးစီမံခန့်ခွဲနိုင်စွမ်း အကန့်အသတ် ရှိနေတဲ့အလားအလာကို သတိပေးထားပါတယ်။

ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းစတဲ့ ဘဏ္ဍာရေးနယ်ပယ်၊ ဘတ်ဂျက်ပေါ်လစီ၊ အခွန်အကောက်၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု စတဲ့ သတိပြုရမယ့် အချက်တွေကိုလည်း ထောက်ပြထားပါတယ်။

Yangon Media Group