27 May, 2013

ဘင်္ဂလားပင်လယ်အော်အလယ်ပိုငးတွင် လေဖိအားနည်းရပ်ဝန်း 94B ဖြစ်ပေါ်နေပါပြီ။

(၂၇-၅-၂၀၁၃)ရက် နေ့လည်(၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင် လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု (94B) ဖြစ်ပေါ်နေပါတယ်။ ယင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး ယနေ့မွန်းတည့်မှ နောက်(၂၄) နာရီအတွင်း မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ မုန်တိုင်းရဲ့ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ(၄၅-၅၀)မိုင် နှုန်းရှိနိုင်ပြီး ပင်လယ်ပြင်တွင် လှိုင်းအမြင့် (၁၂-၁၅)ပေ ခန့်ရှိနိုင်ပါတယ်။ မုန်တိုင်းငယ်ဟာ မြောက်အရှေ့ယွန်းယွန်းကို ရွေ့လျှားပြီး ယနေ့ ညနေမှ နောက်(၃၆) နာရီ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့ရဲ့ အနောက်မြောက်ဖက်မှ ဖြတ်ကျော် ၀င်ရောက် နိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
(MCCW)