17 March, 2015

ဒေါနတောင်ပတ်ကားလမ်းသစ်တွင် ဒေသခံခရီးသွားတဦး ဖမ်းဆီးရိုက်နှက်ခံရ

ပုံစာ - ဖမ်းဆီးရိုက်နှက်ခြင်းခံရသည့် စောအောင်ကျော်ဖော ။
ကရင်လက်နက်ကိုင်အဖွဲ့တခုက မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ်ကားလမ်းသစ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားသော ဒေသခံတဦး ဖြစ်သည့် စောအောင်ကျော်ဖော (၄၆) နှစ်ကို သွားလာခွင့် ပိတ်ထားသည့်လမ်းကို အသုံးပြု သည်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်ခံရခြင်း ဖြစ်သည်ဟု အရိုက်ခံရသူက ပြောသည်။မြ၀တီမြို့ နယ် ကွင်းကလေးရွာသား ဖြစ်သည့် စောအောင်ကျော်ဖော ကို ကရင်လက်နက်ကိုင် အဖွဲ့တခုက ၎င်းကိုသစ်ပင်တွင်ကြိုးတုတ်ကာ သေနတ်ဒင်ဖြင့် ထုထောင်းခြင်း အပါအ၀င် ခန္ဓာကိုယ်အနှံ့ ထိုးကြိတ်ခံရခြင်း ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ မှ အထူးစစ်ကြောင်းမှူး ဗိုလ်မှူးလမင်းအဖွဲ့က ကွင်းကလေးရွာသား ဟုတ်မှန်ကြောင်း သွားရာက်အာမ ခံခဲ့သည့်အတွက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောဆိုသည်။

ဒေသခံများအနေနှင့် အလားတူ ဖြစ်ရပ်မျိုး မကြုံ တွေ့ရလေအောင် အဆိုပါလမ်းမှ ခရီးသွားလာခြင်း မပြုလုပ်ရန် အသိပေးစေလိုသည့် အတွက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်သည်ဟုလည်း အဆိုပါ ဒေသခံက ပြောသည်။

စောအောင်ကျော်ဖောသည် ဗုဒ္ဓဟူးနေ့က ဒေါနတောင်ပတ်ကားလမ်းသစ်တွင် ဖမ်းဆီး ရိုက်နှက်ခံရခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေ့က စောအောင်ကျော်ဖောသည် ကလေးငယ်နှစ်ဦးနှင့်အတူ ကော့ကရိတ်မှတဆင့် အဆိုပါ လမ်းသစ်အတိုင်း မော်တော်ဆိုင်ကယ် စီးနှင်းလာခြင်း ဖြစ်သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေး ကော်မတီသည် ဒေါနတောင်ပတ်ကားလမ်းသစ်တွင် ခရီးသည်တင်ကားများ တရားမ၀င်သွားလာနေမှုကို ယခုလ ၄ ရက်နေ့က စတင်ပိတ်ပင်ခဲ့သည့် အမိန့်ကို ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကလည်း ဒေါနတောင်ပတ်လမ်းသစ်တွင် မကြာသေး ခင်က ၎င်းတို့ တပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရမှုအပါအ၀င် မြန်မာစစ်တပ်နှင့် ဒီကေဘီအေတို့ အကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထိုင်းလမ်းဖောက်လုပ်ရေး အဖွဲ့ကို လမ်းဖောက်လုပ်ခွင့် ပိတ်ပင်လိုက်သည်မှာ ယနေ့ဆိုလျှင် ၁၅ ရက်ရှိပြီ ဖြစ်သည်ဟု သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)