မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃လမ်းနှင့်၂၉လမ်းထောင့်ရှိ အောင်တော်မူ
မြတ်စွာဘုရားတွင် ယနေ့မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်မှစ၍ ညာဘက်မျက်လုံးတော်
ပွင့်တော်မူ လာသောကြောင့် ဘုရားဖူးများဖြင့် အထူး စည်ကားခဲ့ကြောင်း သိရသည်။
''ဘုရားလာဖူးတဲ့ သူတွေစပြီး သတိထား မိရာကနေ မျက်လုံးတော်ပွင့်တာကို
စသိခဲ့ရတာပါ။ ဘုရား တန်ခိုးတော် ကြောင့် ခုလိုပွင့်လာတယ်လို့ပဲ
ယုံကြည်ပါတယ်။ ဘုရားမှာ အရင်က ဒါမျိုးဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး။
ထူးခြားဖြစ်စဉ်ပါ''ဟု ဂေါပကအဖွဲ့ဝင် တစ်ဦးမှပြောသည်။
အောင်တော်မူဘုရားသည် သီပေါမင်းတရား တည်ထားကိုးကွယ်တော်မူခဲ့သော
ဘုရားတစ်ဆူဖြစ်ပြီး မန္တလေးမြို့တွင် ထင်ရှားသော ဘုရားတစ်ဆူဖြစ်ကာ
ညနေပိုင်းအချိန်တွင် ဘုရားဖူး အထူးစည်ကားတတ်ပြီး ဘုရားဖူးများအနေဖြင့်
အောင်တော်မူဘုရားတွင် ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြောင်း
သိရသည်။
သုတ(မန္တလေး)
The Union Daily