ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထီမပေါက်လို့ အမျိုးသားတဦး ဆွဲကြိုးချ
အဆုံးစီရင်သွားပါတယ်။ အသက် ၅၅ နှစ် နာရောင်းအင်တာဆောင်ဟာ ဆွဲကြိုးချပြီး
သေဆုံးနေတယ်လို့ မတ် ၅ ရက်နေ့က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့
ချင်းမိုင်မြို့တော် သတင်းက ရေးပါတယ်။
ရဲတွေ ရောက်သွားတဲ့ အချိန်မှာ သေဆုံးတာ အနည်းဆုံး ၂ နာရီလောက်ရှိသွားပြီ
ဖြစ်သလို တစုံတဦးက မရိုးမဖြောင့်လုပ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။
ထီပေါက်မယ်လို့ ယုံကြည်တဲ့အတွက် နာရောင်းဟာ မော်တော်ဆိုင်ကယ်ရောင်းပြီး
ထီထိုးခဲ့ပေမယ့် မပေါက်လို့ စိတ်ပျက်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မိသားစုတွေက အားပေးပေမယ့် မရသလို ထီ ၃၈ စောင်နဲ့ စာတစောင်ကို နောက်ဆုံး ရေးထားခဲ့တယ်လို့ ဆိုပါတယ်။
စာထဲမှာတော့ ကံတရားက သူဘက်မှာ မရှိရင် ဘာမှ မလုပ်နိုင်သလို ရှင်သန်နေတာ
အကြောင်းမထူးတဲ့အကြောင်း ရေးသားခဲ့သလို ကလေးကိုလည်း
မစောင့်ရှောက်နိုင်တာကို တောင်းပန်တဲ့ အကြောင်း ရေးထားခဲ့တယ်လို့ သတင်းမှာ
ရေးပါတယ်။
By ဒီဗွီဘီ
