လူတိုင်း ပါရာစီတမော သောက်တတ်လို့ မျှဝေတာပါ...အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ ပါရာစီတမော (paracetamol) ကို မကြာခဏ
သောက်သုံးနေခြင်းဟာ သာမန်လူတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ၆၃
ရာခိုင်နှုန်းပိုများကြောင့် လေ့လာစမ်းသစ်ချက် အသစ်တစ်ခုက
ဖော်ထုတ်လိုက်ပါတယ်။
ပါရာစီတမော
ဆေးဝါးကို ပုံမှန်သောက်သုံးနေရာတဲ့ လူတွေဟာ
သာမန်လူတွေထက် နှလုံးရောဂါ
ဖြစ်နိုင်ချေ ၆၈ ရာခိုင်နှုန်း ပိုများပြီး ၅၀ ရာခိုင်နှုန်းကျော်မှာ
အစာအိမ်ရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ ဒီလေ့လာချက်က အတည်ပြုလိုက်ပါတယ်။
ဗြိတိန်က သုတေသီတွေဟာ လူနာပေါင်း ၆၆၆,၀၀၀ ကိုလေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာခဲ့တဲ့ လူနာတွေအထဲမှာ ၁၄ နှစ်လောက်နီးပါး ပါရာစီတမော ဆေးဝါးကို
သောက်သုံးခဲ့သူတွေလည်း ပါဝင်ခဲ့ပါတယ်။
သာမန်နေမကောင်းဖြစ်တာလောက်ကို
ချက်ခြင်းသက်သာစေတဲ့ ဆေးဝါးဖြစ်ပေမယ့် ပုံမှန်သောက်သုံးတဲ့အခါ လူနာတွေကို
ပုံမှန်သက်တမ်းထက် ပိုမိုတိုတောင်းစေတဲ့ ဆေးဝါးဖြစ်တယ်လို့ ဆိုကြပါတယ်။
အချက်အလက်အရ ဆိုရင်တော့ အမျိုးသား ခြောက်ဦးမှာ တစ်ဦး၊ အမျိုးသမီး
ဆယ်ဦးမှာ တစ်ဦးဟာ နှလုံးရောဂါ ဖြစ်နိုင်ချေ ရှိနေပါတယ်။ ဒါပေမယ့်
ပါရာစီတမောကြောင့် နှလုံးရောဂါ ပိုဖြစ်စေတယ်ဆိုတာကို ငြင်းဆိုထားတဲ့
ဆေးဝါးပညာရှင်တွေလည်း ရှိထားပါတယ်။
PlanetMyanmar