26 July, 2014

လီဗာပူးလ်ကစားသမားသစ် လယ်လာနာ ဒူးဒဏ်ရာကြောင့် (၆)ပတ်ခန့် အနားယူရမည်

Photo: လီဗာပူးလ်ကစားသမားသစ် လယ်လာနာ ဒူးဒဏ်ရာကြောင့် (၆)ပတ်ခန့် အနားယူရမည်

ယခုအပြောင်းအရွှေ့၌ ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ လယ်လာနာသည် ပြီးခဲ့သည့်ကြာသာပတေးနေ့က ပြုလုပ်ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့၍ ရက်သတ္တပတ်(၆)ပတ်ခန် အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင်(၂၃ .၆)သန်းဖြင့် ရောက်ရှိလာသူ လယ်လာနာသည် ဒူးအရွတ်ထိခိုက်မိသွားခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်သော်လည်း လီဗာပူးလ်အသင်း၏ ရာသီအစ ပရီးမီးယားလိဂ်(၃)ပွဲဖြစ်သည့် ဆောက်သမ်တန်၊ မန်စီးတီး၊ စပါးအသင်းတို့နှင့် ပွဲစဉ်များကို လွဲချော်ရမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များတွင် လယ်လာနာကို တွေ့ခဲ့ရစဉ်
                         လီဗာပူးလ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များတွင် လယ်လာနာကို တွေ့ခဲ့ရစဉ် ယခုအပြောင်းအရွှေ့၌ ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ လယ်လာနာသည် ပြီးခဲ့သည့်ကြာသာပတေးနေ့က ပြုလုပ်ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့၍ ရက်သတ္တပတ်(၆)ပတ်ခန်

“အသတ်ခံရသည့်မြန်မာအလုပ်သမားအလောင်းသဂြိုဟ်ခွင့်ရပြီ”

   မြန်မာအချင်းချင်းလုယက်သတ်ဖြတ်ခံထားရသည့် အလောင်းတစ်ခုအား  မြန်မာအလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ယနေ့ညနေကမိသားစုများ ကောင်းမွန်စွာ သဂြိုဟ်ခွင့်ရရှိ သွားပြီဖြစ်ကြောင်း သိရသည်။
               သေဆုံးသူ မောင်ခိုင်မင်း အသက် ၂၆ နှစ်သည် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်၊ ဂငယ် ရပ်ကွက် မှ ဦးစိုးမြင့်+ဒေါ်ကြည်ကြည်ဌေး တို့၏ သားငယ်ဖြစ်သည်။ ဇွန်လကုန်အပတ်က နေအိမ်မှ ရွှေသုံးကျပ်သားပျောက်ဆုံးခဲ့ပြီး ထိုင်းနိုင်ငံ၊

“စိတ်မနှံ့ဖြစ်ခါစ အလုပ်သမတစ်ဦးအား မြန်မာသံရုံးနှင့် MAT တို့ ကူညီပို့ဆောင်”


အိမ်အကူ မြန်မာအလုပ်သမငယ်တစ်ဦး ရုတ်တရက်စိတ်ဖေါက်ပြန်လာသဖြင့် မြန်မာသံရုံး နှင့် MAT ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က မြ၀တီမြို့ မှစောင့်  ကြိုနေကြသည့် မိဘများထံသို့ ယမန်နေ့နံနက်ကပြန် လည်ပို့ ဆောင်ပေးခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။အသက်၁၈နှစ်အရွယ်ကရင်အမျိုးသမီး၊ အငယ်လေး သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သူဌေး ကုန်းရပ်ကွက် မှ ဦးဖားကျွီး+ဒေါ်မထွေးတို့၏

ထိုင်းနိုင်ငံတွင်း ဗီဇာ သက်တမ်းကျော်နေသူများအတွက် ပြစ်ဒဏ် ထုတ်ပြန်

Photo: ထိုင်းနိုင်ငံတွင်း ဗီဇာ သက်တမ်းကျော်နေသူများအတွက် ပြစ်ဒဏ် ထုတ်ပြန်
Tuesday, July 22, 2014

ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်
 က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတွင်း တရားမ၀င် နေထိုင်သူ နိုင်ငံခြားသားများ အဆုံးသတ်ရေး နှိပ်နင်းမှုများ လုပ်ဆောင်လာနေရာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မှာလည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်သူများနှင့်သက်ဆိုင် သည့် 
ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်း နေထိုင်မှု သတ်မှတ် ကာလ ကျော်လွန်သွား ရင် ဘယ် လို ပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ ဒီကနေ့ ထိုင်းဘုရင့် နိုင်ငံတော် လူဝင်မှု ကြီးကြပ် ရေး ဗဟို အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားတာကို ဘန်ကောက် လ၀က အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ 
ထိုင်းနိုင်ငံတွင်း သတ်မှတ်နေထိုင်ခွင့်ကာလ ထက် ရက် ၉၀ ကျော် ပိုနေရင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ၁ နှစ်ပိတ် ပင်မှာ ဖြစ်ပြီး တနှစ်ကျော် ပိုမိုနေထိုင်သူအတွက် ပြည်ဝင်ခွင့် ၃ နှစ်ပိတ်ပင် ခံရမှာဖြစ်ပြိး ၃ နှစ်ကျော် နေထိုင်သူအ တွက် ပြည်ဝင်ခွင့် ၅ နှစ်၊ ၅ နှစ်ကျော် နေထိုင်သူအတွက် ပြည်ဝင်ခွင့် ၁၀ နှစ် အသီးသီး ပိတ်ပင်သွားမှာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်း အမှုတခုခုဖြင့် ဖမ်းဆီးခြင်းခံရသူ နိုင်ငံခြားသားများ အနေဖြင့် တနှစ် အောက် သတ် မှတ် ဗီဇာ ကျော်လွန်နေထိုင်သူအတွက် ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ၅ နှစ်၊ ၁ နှစ်ကျော် ကြာ ကျော်လွန်နေထိုင်သူ များ အတွက် နိုင်ငံသို့ ပြန်လည် ပြည်ဝင်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင် တားမြစ် သည့် ပြစ်ဒဏ် သတ်မှတ်
ကြောင်းလည်း ကြေညာချက်က ဆိုပါတယ်။

အိမ့်သံစဉ် ~(ဧရာဝတီ)
ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်
က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတွင်း တရားမ၀င် နေထိုင်သူ နိုင်ငံခြားသားများ အဆုံးသတ်ရေး နှိပ်နင်းမှုများ လုပ်ဆောင်လာနေရာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မှာလည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်သူများနှင့်သက်ဆိုင် သည့် 
ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်း နေထိုင်မှု သတ်မှတ် ကာလ ကျော်လွန်သွား ရင် ဘယ် လို ပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ ဒီကနေ့ ထိုင်းဘုရင့် နိုင်ငံတော် လူဝင်မှု

ရှေးဟောင်းပစ္စည်းမို့ သိန်းတစ်ရာပေးလည်း မရောင်းပါ

Photo: ရှေးဟောင်းပစ္စည်းမို့ သိန်းတစ်ရာပေးလည်း မရောင်းပါ
Friday, July 25, 2014

- မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနရုံးဝင်းအတွင်း ယာဉ်သက်တမ်းတိုးရန် လာ ရောက်သည့် သက်တမ်းနှစ် ၆ဝကျော် ရှိ ဂျာမနီနိုင်ငံထုတ် ကားဆိုင်ကယ်တစ်စီးအား ဇူလိုင် ၂၂ရက် နံနက် ပိုင်းက တွေ့မြင်ခဲ့ရသည်။
အဆိုပါ ကားဆိုင်ကယ်မှာ (ဟ) နံပါတ်ဖြစ်၍ ၁၉၅၄ခုနှစ်တွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်ခဲ့သည့် ရှေး ဟောင်းယာဉ်တစ်စီးဖြစ်ပြီး ပိုင်ရှင် ဖြစ်သူမှာ မန္တလေး မြစ်ငယ်အရပ်မှ ဖြစ်ကြောင်း၊ ရှေးဟောင်းပစ္စည်းမြတ်နိုးသူတစ်ဦးက ငွေကျပ်သိန်းတစ်ရာ ပေး၍ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ရှားပါးပစ္စည်းဖြစ်၍ ပိုင်ရှင်က ရောင်းချခြင်းမပြုခဲ့ကြောင်း၊ယင်းကားဆိုင်ကယ်မျိုးမှာ မြန်မာပြည်တွင် သုံးစီးသာရှိကြောင်းသိရသည်။

YLA
Democracytoday
Yangon Media Group
 မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနရုံးဝင်းအတွင်း ယာဉ်သက်တမ်းတိုးရန် လာ ရောက်သည့် သက်တမ်းနှစ် ၆ဝကျော် ရှိ ဂျာမနီနိုင်ငံထုတ် ကားဆိုင်ကယ်တစ်စီးအား ဇူလိုင် ၂၂ရက် နံနက် ပိုင်းက တွေ့မြင်ခဲ့ရသည်။
အဆိုပါ ကားဆိုင်ကယ်မှာ (ဟ) နံပါတ်ဖြစ်၍ ၁၉၅၄ခုနှစ်တွင် ဂျာမနီနိုင်ငံမှ

စုန်းကား ၂ ကား ဆက်တိုက် သရုပ်ဆောင်မယ့် ရွှေမှုံရတီ

ရွှေမှုန်ရတီက ဒါရိုက်တာပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ အချစ်စုန်း ဗီဒီယိုဇာတ်ကားမှာ နေမင်းနဲ့ တွဲဖက်ပြီး စုန်းမအဖြစ် သရုပ်ဆောင်ခဲ့ရသလို၊
ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးမယ့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားမှာလည်း မှော်အတတ်ပညာရှင်၊ စုန်းကဝေမအဖြစ် သရုပ်ဆောင်သွားရမယ်လို့ သိရပါတယ်။ အချစ်စုန်းမှာက စုန်းမ ဖြစ်ပေမဲ့ သူက ပါးစပ်စီးတဲ့စုန်း ဖြစ်ပြီး သူပြောသမျှအကုန်ဖြစ်တဲ့ စုန်းမ အဖြစ် သရုပ်ဆောင်ရတာဖြစ်ပြီး၊ မှော်ကျောက်စာ

တကူးတကအချိန်ပေးပြီး သိန်းပေါင်းများစွာလှူမှ ပရဟိတမဟုတ်ပါဘူးလို့ဆိုတဲ့ မင်းသားဖိုးချစ်

Photo: တကူးတကအချိန်ပေးပြီး သိန်းပေါင်းများစွာလှူမှ ပရဟိတမဟုတ်ပါဘူးလို့ဆိုတဲ့ မင်းသားဖိုးချစ်
Friday, July 25, 2014

မင်းသားဖိုးချစ်က ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်းများစွာလှူမှ၊တကူးတကအချိန်ပေးပြီးလုပ်မှ မဟုတ်ပါဘူး အနည်းဆုံးကိုယ့်ဝန်းကျင်သန့်ရှင်းရေးလုပ်လိုက်တာကလည်း ပရဟိတပါပဲလို့ ဆိုပါတယ်။

“ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်း များစွာလှုမှလည်းမဟုတ်ဘူး။လမ်းဘေးကတွေ့တဲ့ အမိုက် လေးကို ကောက်ပြီးတော့အမိုက်ပုံးထဲကိုထည့်လိုက်တာလည်း ပရဟိတပါပဲ။ လမ်းမသိတဲ့လို့ မေးတဲ့သူကို စေတနာပါပါနဲ့ လမ်းညွှန်လိုက်တာလည်းပရဟိတပဲ။”လို့ မင်းသားဖိုးချစ်ကဆိုပါသည်။

ပရဟိတနဲ့ပတ်သက်လို့ မင်းသားဖိုးချစ် ခံယူထားတာကတော့ ကိုယ့်အိမ်ကိုသန့်ရှင်းရေးလုပ်တာလည်း ပတ်ဝန်းကျင်ဒုက္ခမရောက်အောင် ကူညီတာပဲဖြစ်လို့ပရဟိတပဲလို့ ဆိုပါတယ်။

လူတိုင်းက ကိုယ့်ဝန်းကျင် သန့်ရှင်းရေး ဂရုစိုက်ကြမယ်ဆိုရင် ကိုယ့်အိမ်နားက ရေမြောင်းတွေ သန့်ရှင်းကြမယ် ဆိုတဲ့ပရဟိတလေးတွေ ရှိနေရင် ကုသိုလ်ရတာပါပဲလို့ ဆိုပါတယ်။

“လမ်းသွားနေရင်း ကျောင်းဆင်းချိန်ဖြစ်တော့ ကားကိုရပ်ပေးလိုက်တာလည်း ပရဟိတပါပဲ။ လူကူးမျဉ်းကျားမှာ လူတွေကူးနေတဲ့အချိန်မှာ သူတို့သွားတာအဆင်ပြေပါစေ၊ အန္တာရယ်ကင်းပါစေဆိုပြီး ကားကို စေတနာ ပါပါနဲ့ ရပ်စောင့်နေတာလည်း ပရဟိတပဲ။ ကျွန်တော်တို့နေ့တဓူဝလုပ်ငန်းလုပ်ဆောင်ရင်း ပရဟိတ လုပ်ဆောင်လို့ ရပါတယ်။”လို့မင်းသားဖိုးချစ်က ဆိုပါတယ်။

ဒီလို ပရဟိတခံယူချက်တွေနဲ့ မင်းသားဖိုးချစ်က ပရဟိတဖေါင်ဒေးရှင်းတွေလိုအပ်တယ်လို့ယူဆထားပြီး လတ်တလောမှာတော့သဘင်ဘိုးဘွားရိပ်သာရန်ပုံငွေပွဲမှာ ပါဝင်ပြီး ရန်ပုံငွေရှာဖို့လုပ်ဆောင်နေပါတယ်။

“ကျွန်တော်ဘိုးဘွားရိပ်သာအတွက်ပြီးခဲ့တဲ့ ကျိုက်ခေါက်ဘုရားပွဲတုန်းကလည်း ကျေးလက်မီးလင်းရေး အတွက် ကျွန်တော့်မိသားစုက ငွေကျပ်သိန်း ၅၀၀ လှူတယ်။ပြီးတော့အဲဒီပွဲက ဆုချလို့ရတဲ့ပိုက်ဆံတွေကို ကျွန်တော်စာရင်းဇယားနဲ့လုပ်ပြီး အဲဒီထဲကဘိုး ဘွားရိပ်သာကိုစလှုတာပါ”လို့ဆိုပါတယ်။

ဇာတ်သဘင်ဘိုးဘွားရိပ်သာရန်ပုံငွေပွဲကနေ ရလာမယ့် ရန်ပုံငွေအားလုံးကို သဘင်ဘိုးဘွားရိပ်သာ ဆောက်မယ့် အထဲမှာ အကုန်လှူမယ်လို့ သိရပါတယ်။

 ရဲရင့်မင်းခန့် (မြစ်မခ)
Shwe Myitmakha Media Group
မင်းသားဖိုးချစ်က ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်းများစွာလှူမှ၊တကူးတကအချိန်ပေးပြီးလုပ်မှ မဟုတ်ပါဘူး အနည်းဆုံးကိုယ့်ဝန်းကျင်သန့်ရှင်းရေးလုပ်လိုက်တာကလည်း ပရဟိတပါပဲလို့ ဆိုပါတယ်။“ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်း များစွာလှုမှလည်းမဟုတ်ဘူး။လမ်းဘေးကတွေ့တဲ့ အမိုက် လေးကို ကောက်ပြီးတော့အမိုက်ပုံးထဲကိုထည့်လိုက်တာလည်း ပရဟိတပါပဲ။ လမ်းမသိတဲ့လို့ မေးတဲ့သူကို စေတနာပါပါနဲ့ လမ်းညွှန်လိုက်တာလည်းပရဟိတပဲ။”လို့ မင်းသားဖိုးချစ်က

လည်ပင်းတောင့်ပြီးနာတာသက်သာအောင် လုပ်နိုင်မယ့်နည်းတွေ

Photo: လည်ပင်းတောင့်ပြီးနာတာသက်သာအောင် လုပ်နိုင်မယ့်နည်းတွေ
Friday, July 25, 2014

အိပ်ရာကထချိန်မှာ လည် ပင်းကြီးမာတောင့်ပြီး နေထိုင် မကောင်းတာမျိုးကြုံဖူးကြမှာပါ။ အိပ်ပျော်နေတုန်း ပုံစံမမှန်အိပ်မိ လို့ (ဒါမှမဟုတ်) ခေါင်းအုံးအနေ အထားကြောင့်လည်းဖြစ်တတ် ပါတယ်။ ဒီလိုတွေကြုံခဲ့တယ်ဆို ရင် အမြန်သက်သာနိုင်မယ့်နည်း တချို့ကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ မလှုပ် မရှားနိုင်ထုံနေတဲ့ လည်ပင်းကြွက် သားတွေ ပြေလျော့ပြီး နာကျင်မှု နဲ့ ရောင်ရမ်းတာတွေသက်သာ အောင် ရေခဲကပ်ပေးတာလုပ်နိုင် ပါတယ်။ ဒါမှမဟုတ်ပဲ ထည့် ထားတဲ့အိတ်ငယ်ကို အေးခဲ အောင်လုပ်ပြီးတော့လည်း ကပ် ပေးနိုင်ပါတယ်။ သစ်ကြံပိုးမှုန့်နဲ့ နနွင်းမှုန့်ကိုရေနွေးနွေးနဲ့ နည်း နည်းချင်းသောက်ပေးရင်လည်း ကြွက်သားတင်းတာတွေ လျော့ ပါးစေနိုင်ပါတယ်။

ဆေးဖက်ဝင်အပင်တွေကို ပြုတ်ပြီး ခေါင်းအုံးစွပ်အဟောင်း တစ်ခုထဲထည့်ကာ လည်ပင်း ကြွက်သားတစ်ဝိုက် ကြပ်ထုပ် ထိုးပေးရင်လည်း သက်သာစေနိုင် ပါတယ်။ ဒါ့အပြင် သင်္ဘော၊  ဒန့်သလွန်လတ်လတ်ဆတ်ဆတ်ကို  ခြေပြီးတော့လည်း ကြပ် ထုပ်ထိုးပေးနိုင်ပါတယ်။ နောက်ပြီး တရုတ်နံနံကြီးကို ဖျော်စက်နဲ့ဖျော်ပြီး သောက်ပေးရင် အာရုံကြောထိခိုက်မိတာမျိုးတွေကို သက်သာပျောက်ကင်းစေပြီး စိတ်ဖိစီးမှုတွေကို အံ့ဩလောက်အောင်သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ ရေပန်းကရားနဲ့ပဲဖြစ်ဖြစ်၊   ရေချိုးကန်မှာပဲဖြစ်ဖြစ် ဖယောင်းပန်း၊ လာဗန်ဒါ၊ ထင်းရှူး၊ ဇာတိပ္ဖိုလ်သီးအဆီသုံးပြီး ရေနွေးနွေးလေးနဲ့ချိုးပေးတာ မျိုး လုပ်ပေးရပါမယ်။ အသက်ကို ပြင်းပြင်းရှူ၊ လည်ပင်းကြွက်သားကို ဖြည်းဖြည်းချင်း လှုပ်ရှားပေးရင်းနဲ့ သက်သာသွားပါလိမ့်မယ်။

7Day Daily
အိပ်ရာကထချိန်မှာ လည် ပင်းကြီးမာတောင့်ပြီး နေထိုင် မကောင်းတာမျိုးကြုံဖူးကြမှာပါ။ အိပ်ပျော်နေတုန်း ပုံစံမမှန်အိပ်မိ လို့ (ဒါမှမဟုတ်) ခေါင်းအုံးအနေ အထားကြောင့်လည်းဖြစ်တတ် ပါတယ်။ ဒီလိုတွေကြုံခဲ့တယ်ဆို ရင် အမြန်သက်သာနိုင်မယ့်နည်း တချို့ကို ဖော်ပြပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ မလှုပ် မရှားနိုင်ထုံနေတဲ့ လည်ပင်းကြွက် သားတွေ ပြေလျော့ပြီး နာကျင်မှု နဲ့ ရောင်ရမ်းတာတွေသက်သာ အောင် ရေခဲကပ်ပေးတာလုပ်နိုင် ပါတယ်။ ဒါမှမဟုတ်ပဲ ထည့် ထားတဲ့အိတ်ငယ်ကို အေးခဲ အောင်လုပ်ပြီးတော့လည်း ကပ် ပေးနိုင်ပါတယ်။ သစ်ကြံပိုးမှုန့်နဲ့

သမ္မတပူတင်၏ သမီးနှင့်သူမချစ်သူတို့အား နယ်သာလန်မှနှင်ထုတ်ရန် လိုက်လံရှာဖွေလျက်ရှိ

Photo: သမ္မတပူတင်၏ သမီးနှင့်သူမချစ်သူတို့အား နယ်သာလန်မှနှင်ထုတ်ရန် လိုက်လံရှာဖွေလျက်ရှိ
Friday, July 25, 2014

ရုရှာသမ္မတဗလာဒီမာပူတင်၏ သမီး မာရီယာပူတင်သည်ဟော်လန်တွင် သူမ၏ ချစ်သူနှင့်အတူနေထိုင် ကြောင်း သိပြီးနောက် သူမကို နေရပ်သို့ ပြန်ပို့ရန် ဒတ်ခ်ျတို့ကတောင်း ဆိုခဲ့သည်။
ပူတင်သည် MH-7 လေယာဉ် ပျက်ကျမှုကြောင့် ဒတ်ခ်ျလူမျိုး ၁၉၃ ဦး သေဆုံးသည်နှင့်ပတ်သက် ပြီး အပြစ်တင်ခံခဲ့ရပြီး ယခုအချိန် တွင် ပူတင်၏သမီးဖြစ်သူ မာရီယာ ပူတင်သည် ဒတ်ခ်ျလူမျိုးဂျော်ရစ်ဖာဆင် နှင့် ဟော်လန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ ပူတင်ဆန့်ကျင် သူများသည် တွစ်တာတွင် သူမ အိမ်လိပ်စာတင်ထားပြီး အိမ်ရှေ့ တွင် ဆန္ဒပြမှုများ ပြုလုပ်ရန်ဒတ်ခ်ျ တို့ကို တိုက်တွန်းခဲ့သည်။

Hilversum မြို့တော်ဝန်ပီတာ ဘရိုအာဂျက်စ်သည် မစ္စပူတင်ကို နေရပ်သို့ ပြန်ပို့ရန် ရေဒီယိုအင်တာ ဗျူးမှ တစ်ဆင့် ပြောခဲ့သည်။
ထို့နောက် ၄င်း၏ စကားအတွက် တောင်းပန်ခဲ့သည်။ ရုရှားနှင့် နယ်သာလန်ကြား သူမ၏ နေထိုင် မှုကိုခွဲခြားရန် မာရီယာအနေဖြင့် လည်းနားလည်ခဲ့သည်။

ပူတင်သည် မာရီယာဘဝလုံ ခြုံရေးအတွက် အမြဲစိုးရိမ်ခဲ့ပြီးရုရှား မီဒီယာများအား သူမကိုဓာတ်ပုံရိုက် ကူးခွင့် မပေးခဲ့ရုံသာမက တက္ကသိုလ်ကိုလည်း နာမည်ပြောင်းထားခဲ့သည်။
သူမ၏ တိုက်ခန်းရှေ့တွင်ဖြစ်ပွားသော အဖြစ်အပျက်နှင့်ပတ်သက်ပြီး ဖြေကြားခြင်းမရှိဟု သိရပြီး သူမ၏ အိမ်နီးချင်းများကလည်း သူမအကြောင်းပြောရန် ဆန္ဒမရှိကြ ပေ။ မာရီယာသည် ၂ဝဝ၉ ခုနှစ် နွေရာသီက ဖက်ဆင်နှင့် လက်ထပ်ခဲ့ ကြောင်းသိရသော်လည်း တရားဝင် အထောက်အထားမရှိဟု သိရသည်။

ဖက်ဆင်သည် ၂ဝဝ၈ ခုနှစ်က Straytransgaz ကုမ္ပဏီ၏ ဒု- ဥက္ကဋ္ဌအဖြစ် ခန့်အပ်မခံရမီက ရုရှားဂက်စ်ကုမ္ပဏီ Gazprom နှင့် အတူ အိမ်ခြံမြေကျွမ်းကျင်သူတစ်ဦး အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Ref: Daily mail
Yangon Media Group
ရုရှာသမ္မတဗလာဒီမာပူတင်၏ သမီး မာရီယာပူတင်သည်ဟော်လန်တွင် သူမ၏ ချစ်သူနှင့်အတူနေထိုင် ကြောင်း သိပြီးနောက် သူမကို နေရပ်သို့ ပြန်ပို့ရန် ဒတ်ခ်ျတို့ကတောင်း ဆိုခဲ့သည်။
ပူတင်သည် MH-7 လေယာဉ် ပျက်ကျမှုကြောင့် ဒတ်ခ်ျလူမျိုး ၁၉၃ ဦး သေဆုံးသည်နှင့်ပတ်သက် ပြီး အပြစ်တင်ခံခဲ့ရပြီး ယခုအချိန် တွင် ပူတင်၏သမီးဖြစ်သူ မာရီယာ ပူတင်သည် ဒတ်ခ်ျလူမျိုးဂျော်ရစ်ဖာဆင် နှင့် ဟော်လန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ ပူတင်ဆန့်ကျင် သူများသည် တွစ်တာတွင် သူမ အိမ်လိပ်စာတင်ထားပြီး အိမ်ရှေ့ တွင်

ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူအတွက် ဗိုလ်တထောင်ရေပေါ်ဟိုတယ် သတိပေးခံရ

Photo: ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူအတွက် ဗိုလ်တထောင်ရေပေါ်ဟိုတယ် သတိပေးခံရ
Saturday, July 26, 2014

ဗိုလ်တထောင်ရေပေါ် ဟိုတယ်တွင် ပုံမှန်ဟိုတယ်ဝန် ဆောင်မှုများထက်လွန်ကဲပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူများလုံးဝရပ်တန့်ရန် ဟိုတယ်တာဝန်ရှိသူများကို ဟိုတယ်/ခရီးဝန်ကြီးဌာနကခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိ သည်။

ဟိုတယ်ခရီးဝန်ကြီးဌာနမှ လိုင်စင်ယူပြီး ဆောင်ရွက်နေ သော ဟိုတယ်များအားလုံး ရေပေါ်ဟိုတယ်ကဲ့သို့ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းကျောင်း တွင် ပို့ချသောဝန်ဆောင်မှုထက်ပိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသော ၀န်ဆောင်မှုမျိုး ကို မပြုလုပ်ရန် ဇူလိုင် ၂၅ ရက်ညနေတွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

လှလှပပကုမ္ပဏီပိုင် Vintage Luxury Yacht Hotel (ရေပေါ်ဟိုတယ်)မှဝန်ထမ်းများ  ဧည့်သည်ကို ကြိုဆိုရာတွင် ဒူးထောက်ကြိုဆို သည့်ဝန်ဆောင်မှုပေးနေသည့်ပုံ ကို Agoda ခရီးသွားဝက်ဘ်ဆိုက် တွင် ဟိုတယ်ကြော်ငြာအဖြစ် လွှင့်တင်ခဲ့ရာမှ ယင်းပုံစံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်ဟု ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။

ဇူလိုင် ၂၄ ရက်က ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဆောင်ပြီး ယင်းဟိုတယ်သို့ သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့သည် ဟု ဝန်ကြီးဌာနမှသတင်းထုတ်ပြန် ခဲ့သည်။

ဟိုတယ်ကဝန်ဆောင်မှုပေး ရာတွင် ၁၉၂၀ ပြည့်ဝန်းကျင်က ဥရောပနိုင်ငံများ၌ ဘုရင်နှင့် မိဖုရားများကို ဒူးထောက်အရို အသေ ပေးသော King and Queen Service ကိုဝန်ထမ်းများအား လေ့ကျင့်ပေးပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် စီစဉ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု သတင်း ရရှိသည်။

ဇူလိုင် ၂၅ ရက်တွင် ဟိုတယ်တာဝန်ရှိသူများကို နေပြည် တော်ဟိုတယ်/ခရီးဝန်ကြီးဌာန သို့ခေါ်ယူတွေ့ဆုံခဲ့ပြီး ယင်းဝန် ဆောင်မှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေပေးသောအမူအရာမျိုးဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်ထက်ပိုသောဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ရသည်မှာ အဆင် မပြေဖြစ်ခြင်းကြောင့် ယင်းဝန်ဆောင်မှုမျိုးကို ရပ်ဆိုင်းရန် သတိပေးခဲ့သည်။

‘‘ဝန်ကြီးဌာနပိုင်းကနေ ဟို တယ် တာဝန်ရှိသူတွေခေါ်ပြီး တော့ပြောတာပါ။ အခု မလုပ် တော့ဖို့။ နောက်လုပ်မယ်ဆိုရင် လည်း အရေးယူသွားမယ်ဆိုပြီး တော့သတိပေးတာပါ’’ဟု ဟို တယ်/ခရီးဝန်ကြီးဌာနမှတာ ဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းဝန်ဆောင်မှုမှာ ဟို တယ်တွင်အထွေထွေမန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်သော အီတလီလူမျိုး Mr.Aless ၏တစ်မူ ထူးကဲသောဝန်ဆောင်မှုဖြစ်ပြီး ယခုအခါ Mr.Aless သည် အလုပ်ထွက်သွားပြီဟုဆိုသည်။

ထို့အပြင် ယင်းဟိုတယ်၏ အလုပ်ရှင်အလုပ်သမား သဘော တူစာချုပ်တွင်လည်း သုံးလ မပြည့်မီအလုပ်ထွက်ပါက ကျပ် သိန်း ၁၀၀ လျော်ရမည်ဆိုသော အချက်များ၊ဝန်ထမ်းအချင်းချင်းချစ်ကြိုက်ခြင်းကိုခွင့်မပြုဘဲအလုပ်ထုတ်မည့်အပြင် ဟိုတယ် သို့နှစ်ဦးစလုံးကကျပ် သိန်း ၁၀၀ ပေးလျော်မည်စသည့် အချက်များကိုမကျေနပ်၍ အလုပ်သမားအချို့ စာချုပ်မချုပ်မီ အလုပ်ထွက် ခြင်းများရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေပေါ်ဟိုတယ်ရှိ တာဝန်ရှိသူများ ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ ရာ တာဝန်ယူဖြေကြားပေးခြင်း မရှိခဲ့ဘဲ ယင်းကိစ္စကို လတ်တလော တွင် ဖြေကြားပေးသွားမည်မ ဟုတ်ဟု ပြောကြားသည်။

ဧည့်သည်ကိုကြိုဆိုနေသော ဗိုလ်တထောင်ရေပေါ်ဟိုတယ်မှဝန်ထမ်းများ
7Day Daily
ဗိုလ်တထောင်ရေပေါ် ဟိုတယ်တွင် ပုံမှန်ဟိုတယ်ဝန် ဆောင်မှုများထက်လွန်ကဲပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူများလုံးဝရပ်တန့်ရန် ဟိုတယ်တာဝန်ရှိသူများကို ဟိုတယ်/ခရီးဝန်ကြီးဌာနကခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိ သည်။ဟိုတယ်ခရီးဝန်ကြီးဌာနမှ လိုင်စင်ယူပြီး ဆောင်ရွက်နေ သော ဟိုတယ်များအားလုံး ရေပေါ်ဟိုတယ်ကဲ့သို့ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းကျောင်း တွင် ပို့ချသောဝန်ဆောင်မှုထက်ပိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်

ဒိန်းဒေါင်ရဲ့ သမီးလေးဒိန်းပိုပိုဒေါင်.

ဒိန်းဒေါင်ရဲ့ သမီးလေးဒိန်းပိုပိုဒေါင်... ချစ်စရာလေးနော်...

Photo-MC

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်းလို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသားကင်ဆာ ဌာနကနေ ဆေးလိပ်ပြတ်အောင်
ဖြတ်တဲ့နည်းတွေကို အောက်ပါအတိုင်းဖော်ပြပေးထားသည်။
ဆေးလိပ်ဖြတ်ပြီးချိန်မှာ---ဆေးလိပ်ဖြတ်တဲ့အကြောင်း ချရေးပါ။ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တယ်ဆိုတဲ့အကြောင်းပြချက်ကိုပါ စာရင်းနဲ့ချရေးပါ။ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းစာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ထားပြီး မနက်တိုင်း

ကျွန်တော်နှင့် သွားပိုးချသည်ကို ဖြေရှင်းခြင်း

ကျွန်တော်တို့ မြန်မာသွားနှင့်ခံတွင်း ဆေးပညာလောကသားများ နိစ္စ ဓူဝကြုံတွေ့နေကြရတဲ့ ပြဿနာများထဲမှာ ယနေ့အချိန်ထိမြန်မာပြည်သူအများ ယုံကြည်နေကြတဲ့သွားပိုးချခြင်းဆိုတာလည်းပါပါတယ်။ ဒီကနေ့အချိန်အထိ သွားနှင့်ခံတွင်းဆေးခန်းများသို့ လာရောက်ပြသကြတဲ့လူနာများထဲမှာ
သွားပိုး ချချင်လို့၊ သွားပိုးသတ်ချင်လို့ဆိုပြီးလာတဲ့လူနာတွေ အများကြီး ရှိပါသေးတယ်။
ကျွန်တော်တို့မှာလည်း သာမန်ပြည်သူများ ဗဟုသုတလည်းရသွားအောင် သွားပိုးစားတယ်ဆိုတာကိုလည်း သေချာနားလည်သွားအောင် ရှင်းပြရတာ အမောပါ။ သွားနှင့်ခံတွင်း ဆေးပညာရယ်လို့ စနစ်တကျမပေါ်ထွန်းခင်အချိန်၊

Miss Globe International 2014 ပြိုင်ပွဲ မြန်မာအလှမယ် ဂျူးစံသာ ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာအလှမယ်များ နိုင်ငံတကာ ပြိုင်ပွဲများသို့ ထိုးဖောက်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာ လာမည့်ဩဂုတ်လ ဒုတိယသီတင်းပတ်၌ အဇာဘိုင်ဂျန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
မြန်မာအလှမယ် ဂျူးစံသာသည် အဇာဘိုင်ဂျန်နိုင်ငံဘာကူမြို့ခရစ္စတယ်ခန်းမ၌ ကျင်းပမည့် Miss Globe

အကယ်ဒမီ ချစ်စနိုးဦးရဲ့ အနုပညာနဲ့ လူမှုရေး အကြောင်း တစေ့တစောင်း

အကယ်ဒမီ ချစ်စနိုးဦးရဲ့ အနုပညာနဲ့ လူမှုရေး အကြောင်း တစေ့တစောင်း

                                                           ချစ်စနိုးဦး
သရုပ်ဆောင်၊ အဆိုတော် ချစ်စနိုးဦးဟာ သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး ရိုက်ကူးခဲ့တဲ့ ရင်ကွဲနာ ရုပ်ရှင် ဇာတ်ကားကြီးမှာ မောင်နှမ မေတ္တာကိုပုံဖော်ပြီး အစ်ကိုရဲ့ အဟြေအဆိုခံ ညီမတယောက် အဖြစ် ၂၀၁၁ ခုနှစ်အတွက် ဇာတ်ပို့ အကယ်ဒမီဆုရှင် ဖြစ်ခဲ့ပြီး အဆိုပိုင်းမှာလည်း ခိုနားခွင့်ပေးပါ တကိုယ်တော် တေးစီးရီး စီဒီထွက်ရှိထားသလို ဗီစီဒီကိုလည်း ပရိသတ် လက်ထဲအရောက်ပို့နိုင်ဖို့ ပုံဖော်ကြိုးစားနေပါတယ်။ ဒါကြောင့် သူ့ကိုသူ သဲလို့ ပြောတတ်တဲ့ အကယ်ဒမီ ချစ်စနိုးဦးနဲ့ တွေ့ဆုံပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေ၊ သူ့ရဲ့သီချင်းခွေအကြောင်း၊ သူ့ရဲ့လူမှုရေးကအစ၊

ဓမ္မစေတီ ခေါင်းလောင်းကြီး မကြာမီ ဆယ်ယူတော့မည်

မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး, ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့

                   ယနေ့ ကျင်းပသော ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ရေး သတင်းစာ ရှင်းလင်းပွဲ(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရေထဲတွင် နှစ်ပေါင်း ရာချီ နစ်မြုပ်နေသည် ဆိုသော မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ပြီး ယင်းခေါင်းလောင်းကြီးကို သြဂုတ်လအတွင်း ကုန်းပေါ်သို့ ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ခွင့် ရရှိထားသူ ဦးစံလင်းက ၁၉၉၇ ခုနှစ်မှ စတင်၍ ခေါင်းလောင်းကြီးကို ရှာဖွေခဲ့ပြီး ၇ ကြိမ်ခန့် အထိ ခေါင်းလောင်း ရရှိရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ် သြဂုတ်လ ၁၁