26 July, 2014

ရှေးဟောင်းပစ္စည်းမို့ သိန်းတစ်ရာပေးလည်း မရောင်းပါ

Photo: ရှေးဟောင်းပစ္စည်းမို့ သိန်းတစ်ရာပေးလည်း မရောင်းပါ
Friday, July 25, 2014

- မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနရုံးဝင်းအတွင်း ယာဉ်သက်တမ်းတိုးရန် လာ ရောက်သည့် သက်တမ်းနှစ် ၆ဝကျော် ရှိ ဂျာမနီနိုင်ငံထုတ် ကားဆိုင်ကယ်တစ်စီးအား ဇူလိုင် ၂၂ရက် နံနက် ပိုင်းက တွေ့မြင်ခဲ့ရသည်။
အဆိုပါ ကားဆိုင်ကယ်မှာ (ဟ) နံပါတ်ဖြစ်၍ ၁၉၅၄ခုနှစ်တွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်ခဲ့သည့် ရှေး ဟောင်းယာဉ်တစ်စီးဖြစ်ပြီး ပိုင်ရှင် ဖြစ်သူမှာ မန္တလေး မြစ်ငယ်အရပ်မှ ဖြစ်ကြောင်း၊ ရှေးဟောင်းပစ္စည်းမြတ်နိုးသူတစ်ဦးက ငွေကျပ်သိန်းတစ်ရာ ပေး၍ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ရှားပါးပစ္စည်းဖြစ်၍ ပိုင်ရှင်က ရောင်းချခြင်းမပြုခဲ့ကြောင်း၊ယင်းကားဆိုင်ကယ်မျိုးမှာ မြန်မာပြည်တွင် သုံးစီးသာရှိကြောင်းသိရသည်။

YLA
Democracytoday
Yangon Media Group
 မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနရုံးဝင်းအတွင်း ယာဉ်သက်တမ်းတိုးရန် လာ ရောက်သည့် သက်တမ်းနှစ် ၆ဝကျော် ရှိ ဂျာမနီနိုင်ငံထုတ် ကားဆိုင်ကယ်တစ်စီးအား ဇူလိုင် ၂၂ရက် နံနက် ပိုင်းက တွေ့မြင်ခဲ့ရသည်။