14 July, 2014

ကုသိုလ်ကံ ကောင်းတယ်ဆိုတဲ့ နွယ်ဒါလီထွန်း

Myanmar News Media's photo.
”မီဒီယာ သမားတွေနဲ့တော့ ဘာပြဿနာမှ မဖြစ်ဖူးဘူး။ ကိုယ်က အနုပညာ သမားဆိုတော့ မီဒီယာ သမားတွေက ကိုယ့်အတွက် မောင်နှမလိုပါပဲ” ဟု နွယ်ဒါလီထွန်း က ပြောသည်။
”အနုပညာ သက်တမ်း နှစ်နှစ်အတွင်း မီဒီယာ သမားတွေရဲ့ တွန်းထုတ်မှုကို တစ်ခါမှ မကြုံဖူးဘူး။ ကူညီမှုကိုပဲ ခံရဖူးတဲ့အတွက် ကုသိုလ်ကံ ကောင်းတယ်” ဟု နွယ်ဒါလီထွန်း က ပြောသည်။
နွယ်ဒါလီထွန်း က အမျိုးသမီးရေးရာပွဲမှာ ရှိုးလျှောက်ခဲ့ပြီး ယခု နန်းမြတ်ဖြိုးသင်းနှင့် နန်းသူဇာ တို့၏ ‘သူငယ်ချင်း’ စီးရီးမှာ သရုပ်ဆောင် ထားသည်ဟု သိရသည်။

”ကိုယ်ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ ကြိုးစားကြိုးစား မီဒီယာ စာနယ်ဇင်း ညီအစ်ကို မောင်နှမများက ဖော်ပြမပေးရင် ဘာမှ ကိုယ့်စွမ်းရည် ကို ထုတ်ပြလို့ မရဘူး” ဟု ၄င်းကဆိုသည်။

” အခု နေရာတစ်ခု ရလာတာ ကိုယ်ကြိုးစားတယ်။ စာနယ်ဇင်းတွေက ဖော်ပြတယ်။ ဒါကြောင့် ပရိသတ်တွေက သတိထားမိတာပါ” ဟု ၄င်းက ဆက်ပြောသည်။ နွယ်ဒါလီထွန်းက ကြော်ငြာပိုင်းမှာလည်း ကိုယ့်အလှအပ ထက် ထုတ်ကုန်ပေါ်လွင်အောင် ရိုက်တတ်သည်ဟု ဆက်ပြောသည်။

Myanmar News Media
Myanmar News Media's photo.
Myanmar News Media's photo.