26 May, 2014

မြန်မာပြည်သို့ လာရောက်သည့် ဝူခုန်း သရုပ်ဆောင် မြန်မာ အနုပညာရှင် များနှင့် တွဲဖက်ဇာတ်ကား ရိုက်ချင်ဟုဆို


၁၉၉ဝ ဝန်းကျင် ကာလများက မြန်မာပြည် ရုပ်သံလောကတွင် အထူးထင်ရှား ကျော်ကြားခဲ့သည့် အနောက်သို့  ခရီးသွားခြင်း (Journey to the West) ဇာတ် လမ်းတွဲ မှ နာမည်ကျော် မျောက်မင်း စွန်းဝူခုန်းအဖြစ် သရုပ်ဆောင်ခဲ့ သော မင်းသား Mr. Liu Xiao Ling Tong သည် မေလ ၂၁ ရက်နေ့က မြန်မာပြည်သို့ ချစ်ကြည် ရေး ခရီး စဉ် အဖြစ် လာရောက် ခဲ့ပြီး မြန်မာ ပရိ သတ်များ နှင့် တွေ့ဆုံခြင်း အခမ်း အနားကို မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Sky Star ဟိုတယ်တွင်
ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် ဝူခုန်း မင်းသားက မြန်မာပြည် သို့လာရောက် ရခြင်းနှင့် ပတ် သက်၍ “ကျွန်တော့် အနေနဲ့ ငယ်ငယ် တုန်းက တရုတ်နိုင်ငံ ပြီးရင် သိတာက မြန်မာနိုင်ငံ ပါ။ အခုလို ဗုဒ္ဓ ဘာသာ ထွန်း ကားတဲ့ နိုင်ငံကို အလည်အပတ် လာ ခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ဖြစ်နိုင်ရင် ဝူခုန်း ဇာတ်လမ်းတွဲ နံပါတ် ၃ ကိုလည်း မြန်မာပြည်မှာ လာရောက် ရိုက်ကူးပြီး မြန်မာပြည် က သရုပ်ဆောင်တွေ နဲ့လည်း တွဲဖက် ရိုက်ကူးချင်ပါတယ်” ဟုပြောသည်။
တရုတ်နိုင်ငံတွင် နာမည်ကြီး ဂန္ထဝင် ဝတ္ထုရှည် လေးခုထဲ တွင် တစ်ခုအပါ အဝင်ဖြစ်သည့် Journey to the West ကို ၁၉၈၆ ခုနှစ်မှ စတင်ကာ ဇာတ်လမ်းတွဲ အဖြစ် ရိုက်ကူး ထုတ် လွှင့်ခဲ့ပြီး ကမ္ဘာ တစ်ဝန်းတွင် အကြိမ်ပေါင်း ၃ဝဝဝ ကျော် ပြန်လည် ထုတ်လွှင့်ပြသခဲ့ ရသည် အထိ စံချိန် တင်နိုင်ခဲ့သော ဇာတ်လမ်းတွဲဖြစ် သည်။ စွန်းဝူခုန်း အဖြစ် သရုပ်ဆောင် ခဲ့သော Mr. Liu Xiao Ling Tong သည်လည်း.ဆွေစဉ်မျိုးဆက် မျောက်ဇာတ်ကောင် နေရာမှ သရုပ် ဆောင်ခဲ့သူ ဖြစ်ပြီး သူ၏ အဘိုး၊ အဖေ များသည်လည်း မျောက် ဇာတ်ကောင် သရုပ်ဆောင်များ ဖြစ်ကြောင်း သိရသည်။
အဆို ပါ စွန်းဝူခုန်း သရုပ်ဆောင်သည် မြန်မာပြည်တွင် ၃ ရက်ခန့် နေထိုင်ခဲ့ပြီး ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်၊ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား များအပြင် နေပြည်တော်သို့ သွားရောက်၍ လည်း အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့နောက် မန္တလေး၊ ပုဂံ စသည့် မြို့များသို့လည်း သွားရောက် လည်ပတ်ခဲ့ပြီး မေ ၂၆ ရက်နေ့ တွင် တရုတ်ပြည်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။