09 May, 2014

"ဗီဒီယို လောကကြီး သာသာယာယာ ရှိနိုင်ပါစေ ဆိုတဲ့ ဂွမ်းပုံ"

Photo: "ဗီဒီယို လောကကြီး သာသာယာယာ ရှိနိုင်ပါစေ ဆိုတဲ့ ဂွမ်းပုံ"

ဂွမ်းပုံက ပြင်ဦးလွင်မှာ ဗီဒီယို ၂ကား ရိုက်ဖို့ ရောက်နေပါတယ်။ ရန်ကုန် မှာတော့ ရာသီဥတုက ပူတာမို့ ရာသီဥတု နဲ့လိုက်ဖက် မယ့် အဝတ်အစားက အစသေချာ ရွေးဝတ် ရပြီး ပြင်ဦးလွင် မှာတော့ ရာသီဥတု အေးချမ်း တာကြောင့် သက်သောင့်သက်သာ နဲ့ဇာတ် ကို ဝင်စားပြီး ရိုက်လို့ ရတယ်လို့ ပြောပါ တယ်။

ပြင်ဦးလွင် အမှတ်တရ ရိုက်ကူးရေး အကြောင်း ပြန်ပြောတာက “အဲဒီတုန်းက ရှိုင်းအောင်နဲ့ ခင်ပပလှိုင် တို့နဲ့ကန်တော်ကြီးထဲမှာ ရိုက်နေတာ။ မဂွမ်း က ရေကြောက်တတ်ပါတယ် ဆိုမှ ကန်တော်ကြီး ထဲ ပြုတ်ကျတဲ့ အခန်းကို ရိုက်ရတော့ အသည်း တအေးအေးနဲ့အခုထိ အမှတ်ရနေတုန်းပဲ” လို့ ပြောပါတယ်။

ဂွမ်း ပုံကို သူ့ပရိသတ်က ဘာပြောလဲ မေးတော့ “ပရိသတ် ကတော့ ဒီအရွယ် နဲ့ အမေခန်း တွေရိုက်တာ ကိုပြောကြတယ်။ ဒါပေမဲ့ မဂွမ်း ကလည်း ဒါရိုက်တာ ပေးတာ ကို အံဝင် ခွင်ကျ ဖြစ်အောင် ရိုက်တာပါပဲ။ ဘယ်နေရာ မဆို ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်” ဆိုပါတယ်။ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ ဘီလူး ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဂွမ်းပုံ က ဗီဒီယို လောကကြီး သာသာယာယာ နဲ့ ရှိနိုင်ပါစေ လို့ ပြောကြားခဲ့ပါတယ်။
ဂွမ်းပုံက ပြင်ဦးလွင်မှာ ဗီဒီယို ၂ကား ရိုက်ဖို့ ရောက်နေပါတယ်။ ရန်ကုန် မှာတော့ ရာသီဥတုက ပူတာမို့ ရာသီဥတု နဲ့လိုက်ဖက် မယ့် အဝတ်အစားက အစသေချာ ရွေးဝတ် ရပြီး ပြင်ဦးလွင် မှာတော့ ရာသီဥတု အေးချမ်း တာကြောင့် သက်သောင့်သက်သာ နဲ့ဇာတ် ကို ဝင်စားပြီး ရိုက်လို့ ရတယ်လို့ ပြောပါ တယ်။ပြင်ဦးလွင် အမှတ်တရ ရိုက်ကူးရေး အကြောင်း ပြန်ပြောတာက “အဲဒီတုန်းက ရှိုင်းအောင်နဲ့ ခင်ပပလှိုင် တို့နဲ့ကန်တော်ကြီးထဲမှာ ရိုက်နေတာ။ မဂွမ်း က ရေကြောက်တတ်ပါတယ် ဆိုမှ ကန်တော်ကြီး ထဲ ပြုတ်ကျတဲ့ အခန်းကို ရိုက်ရတော့ အသည်း တအေးအေးနဲ့အခုထိ အမှတ်ရနေတုန်းပဲ” လို့ ပြောပါတယ်။