26 May, 2014

ဝန်ကြီးချုပ်ဟောင်း ရင်လတ်ကို ထိုင်းစစ်တပ် ပြန်လွတ်ပေး

Photo: ၀န်ကြီးချုပ်ဟောင်း ရင်လတ်ကို ထိုင်းစစ်တပ် ပြန်လွတ်ပေး
Monday, May 26, 2014

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း ရင်လတ် ရှင်နာဝပ် အပါအ၀င် ထိုင်းနိုင်ငံရဲ့ ထိပ်သီးနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေကို ထိုင်းစစ်တပ်က ထိန်းသိမ်းလိုက်ပြီး အခုအခါမှာ ထိန်းသိမ်းထားတဲ့ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ် ကိုတော့ ပြန်လွတ်လာပြီလို့ သိရပေမယ့် အတော်များများကတော့ အခုအချိန်အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

နိုင်ငံရေး မလုပ်ကိုင်ပါဘူးဆိုတဲ့ ခံဝန်ကတိပေးခဲ့တာကြောင့် ထိန်းသိမ်းပြီး ၂ ရက် အကြာမှာ ၀န်ကြီး ချုပ်ဟောင်း ကို ပြန်လွတ်ပေး လိုက်တာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ လူ ၅ ဦးထက်ပိုမစုရ အမိန့်ကို မကျေနပ်တဲ့ လူနည်းစုက ဒေါသတကြီး လမ်းမပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြမှုအရှိန်မြင့်လာမှာကို စိုးရိမ်တဲ့ အတွက် စစ်သားတွေနဲ့ ရဲတွေ အများအပြားဟာလည်း လမ်းတွေမှာ နေရာယူထားကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဘန်ကောက်မြို့လမ်းမတွေပေါ်မှာ အခြေအနေတင်းမာမှုတွေ ပိုများလာပြီး ဆန္ဒပြလူအုပ်က ရှေ့တိုးလာတာကြောင့် လုံခြုံရေးတွေက ဒိုင်းတွေကို သုံးပြီး တချို့နဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြခွင့်ပိတ်ပင်ထားတာကြောင့် ဆန္ဒဖော်ထုတ်သူအားလုံးဟာ အဖမ်းခံရဖို့ နဲ့ ထောင်ချခံရဖို့ ရှိနေပါတယ်။

ဘန်ကောက်မြို့ပေါ်မှာတွေ့ရတဲ့ ထိုင်းစစ်သားတွေ (Credit: AFP) 
ABC