15 November, 2013

သရုပ်ဆောင် တြီကို (အသက် ၃၃ နှစ်)

အနုပညာရှင်ကြီး ဒေါ်နွဲ့နွဲ့စန်း၏ သားဖြစ်သူ သရုပ်ဆောင် တြီကို (အသက် ၃၃ နှစ်) သည် ဦးနှောက်အမှေးရောင်ရောဂါဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့၊ နေ့လည် ၁ နာရီက SSC ဆေးရုံတွင် ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်သူ သရုပ်ဆောင် တြီကို ကို နိုဝင်ဘာ ၁၅ ရက်နေ့ ၊ မနက် ၁၀ နာရီမှာ ရေးဝေးသုဿန်သို့ ပိုဆောင်သဂြိုလ်မှာဖြစ်ပါတယ်။ 
သရုပ်ဆောင် တြီကို ကွယ်လွန်ခြင်းအတွက် ပေါ်ပြူလာဂျာနယ်အဖွဲ့သားများမှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်။

Popular Journal