ဝါဆိုမိုးဦး၊ ဆန်းသစ်လ၊ မာရီနာအောက်တိုဘာ ၂၅ ရက် ၌ ထွက်ရှိသည့်
ရွှေအက်ဖ်အမ် လေးနှစ်ပြည့်စီးရီးခွေတွင် ၀ါဆိုမိုးဦး၊ ဆန်းသစ်လ၊
မာရီနာတို့ သုံးယောက်ပေါင်းပြီး အသည်းကွဲသီချင်းတစ်ပုဒ် သီဆိုထားကြောင်း
သတင်းရရှိသည်။
မင်းသမီးသုံးဦး ပထမဆုံးပေါင်းပြီးသီဆိုထားသည့်
“အချစ်ကို အယုံကြည်မရှိ” သီချင်းကို ဘန်နီဖြိုးက ရေးသားပေးထားသည်။
သုံးဦးပေါင်းသီဆိုရန် ပွဲစီစဉ်သူ ကိုဘိုဆန်းက
ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ဆန်းသစ်လက ပြောသည်။
““ဒီသီချင်းလေးက
သုံးဦး ပေါင်းပြီး ပထမဆုံးဆိုတာပေါ့။ အချင်းချင်း အပြင်မှာသာ တွေ့ဖူးကြတာ၊
အဲဒီလို သီချင်း တစ်ခါမှမဆိုဖူးဘူး။ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။
ဖြည့်စွက်ပြီး နားလည်ပေးပါ။ ညီမတို့လည်း အကောင်းဆုံး ကြိုးစားထားပါတယ်”” ဟု
ဆန်းသစ်လက ပြောသည်။
ရွှေအက်ဖ်အမ် လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်
ပြုလုပ်မည့် နိုဝင်ဘာ ၃ ရက်ပွဲတွင် ပါဝင်သီဆိုထားကြသော ဆောင်းဦးလှိုင်၊
ဖိုးကာ၊ Big Bag၊ ဟဲလေး၊ Nine One ၊ Snare ၊ ရိန်မိုး၊ ကျော်ကျော်ဗို၊
ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ အစ္စဏီ၊ သိန်းလင်းစိုး၊ ဒီယံ၊ Ar-T ၊
ကောင်းကောင်း၊ ဘန်နီဖြိုး၊ သားသား၊ ရဲရင့်အောင်၊ ဝေလ၊ Nov-24 ၊ သီရိဆွေ၊
မိစန္ဒီ၊ အိုင်းရင်းဇင်မာမြင့်၊ မို့မို့လွင်၊ ၀ါဆိုမိုးဦး၊ မာရီနာ၊
ဆန်းသစ်လတို့ ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး ဖျော်ဖြေပွဲကို အမ်တီဗီအဖြစ်
ပြန်လည်ထွက်ရှိမည်ဖြစ်သည်။ ထိုနေ့ပွဲတွင် “အချစ်ကိုအယုံကြည်မရှိ” ကို
မင်းသမီးသုံးဦးက ထူးထူးခြားခြား ပါဖောမန့်ဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း
သိရသည်။
““သီချင်းက ဟော့ရှော့ခပ်မိုက်မိုက်၊ ပါဖောမန့်တွေကို
အကအဖွဲ့တွေနဲ့ ကမှာပေါ့။ ညီမက လေဒီဂါဂါ၊ မာရီနာက ရှကီရာ၊ ၀ါဆိုက
ဂျနီဖာလိုပက်ပုံစံနဲ့ သုံးယောက် ပါဖောမန့်ဆန်းဆန်းလေးတွေလုပ်မယ်”” ဟု
ဆန်းသစ်လက ပြောသည်။
7Day Daily