12 October, 2013

လင်းလင်း တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်မည်

Photo: လင်းလင်း တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်မည် 
 Saturday, October 12, 2013

တေးသံရှင် လင်းလင်း၏ ပထမဆုံးတစ်ကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွက် ကန်တော်ကြီး မျှော်စင်ကျွန်း၌ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း 
ပေါ်ပြူလာသို့ အတည်ပြုပြောကြားခဲ့သည်။ 

" တစ်ပွဲလုံးကျွန်တော်တစ်ယောက်တည်း ဆိုမှာပါ။ ထူးထူးရှားရှားအနေနဲ့ သီချင်းတွေကို ပုံစံလေးတွေပြောင်းတီးထားတယ်။ 
ရန်ကုန်မှာ အောက်တိုဘာ ၂၆ လုပ်ပြီးရင် နိုဝင်ဘာ ၁၀ မှာ ပြင်ဦးလွင်မှာ လုပ်မှာပါ " ဟု ပြောသည်။ 

ရဲရဲ
Popular Journal