13 September, 2013

Road to Myanmar, Road to Seagames ဖျော်ဖြေပွဲ အခမဲ့ ကျင်းပသွားရန်ရှိ

ADMA Media Group မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာ Road to Myanmar, Road to

Seagemes အခမဲ့ ဖျော်ဖြေပွဲကို Junction Square မှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖျော်ဖြေပွဲ မှာတော့ ထိုင်းနိုင်ငံမှ အဆိုတော် ၀ါရာဘို အဖွဲ့နဲ့ နိုင်ငံတကာ အလှမယ် ခုနှစ်ဦး
အပါအ၀င် ပြည်တွင်းမှ အနုပညာရှင် များကပါ ပူးပေါင်း ပါဝင် ဖျော်ဖြေ တင်ဆက်မှာ ဖြစ်ပါတယ်။

 

အဲ့ဒီလို ပါဝင်အားဖြည့် ပေးသွားမယ့် နိုင်ငံတကာ အလှမယ်တွေ ကတော့ ဖိလစ်ပိုင်၊ စင်္ကာပူ၊ အက်တိုးနီးယား၊ မွန်ဂိုလီးယား၊ အီတလီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ပြည်တွင်းမှ အလှမယ် တစ်ဦးဖြစ်တဲ့ နန်းခင်ဇေယျာတို့မှ Seagames နဲ့ပတ်သက်တဲ့ တစ်ခန်းရပ် ဟာသပြ ဇာတ်များ၊ မော်ဒယ်ရှိုးများ၊ လက်ဝှေ့ပွဲများနဲ့ ခြင်းလုံး အားကစားသမား များရဲ့ ခြင်းလုံး အလှပြကွက်များ ကိုလည်း ဖျော်ဖြေ တင်ဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖျော်ဖြေပွဲကျင်းပ ရတာဟာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ပြည်သူတစ်ရပ်လုံး ပါဝင် အားပေးလာမှု ပိုမိုမြင့်တက် စေဖို့ဖြစ်တယ်လို့ သိရှိရပါတယ်။ 
MRTV -4