သရုပ်ဆောင် နန်းဆုရတီစိုး ရဲ့မွေးနေ့
ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ဟာ သရုပ်ဆောင် နန်းဆုရတီစိုး ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။