အချစ်ရေးတင် မဟုတ်ဘဲ အားလုံး အေးအေးဆေးဆေးပါပဲ ဆိုတဲ့
ဝတ်မှုန်ရွှေရည်လတ်တလောမှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးနေတဲ့ ချာတိတ်ဆို
တဲ့ဇာတ်ကားမှာ လူမင်းနဲ့ တွဲဖက်သ ရုပ်ဆောင်နေတဲ့ ဝတ်မှုံရွှေရည်နဲ့တွေ့
ဆုံခိုက် သိလိုသမျှတွေကို မေးခဲ့ပါ တယ်။
မနှစ်က မွေးနေ့ပြီးတော့
လက်ရှိ အသက်အရွယ်မှာ ရတဲ့ အသိဥာဏ်နဲ့ ပြီးခဲ့တဲ့ လေးငါးနှစ်ကိုပြန်
သွားချင်တယ် ဆိုတဲ့ ကစ်က ဒီနှစ်ရော အဲဒီလိုပဲလား ဆိုတော့
ဒီနှစ်
ကတော့ အဲဒီလိုမဖြစ်ဘူး။ လက်ရှိ မှာပဲ ပျော်အောင်၊ အကောင်းဆုံး ဖြစ်အောင်ပဲ
နေပါတယ်။ အသက် တစ်နှစ်ကြီး လာပေမယ့် မရင့်ကျက် သေးပါဘူး။ ရင့်ကျက်အောင်တော့
နေနေရ တာပေါ့။ ပြောင်းလဲသွား တာတွေ၊ ရင့်ကျက် လာတာတွေ တော့လည်းရှိ ပါတယ်။
မွေးနေ့မှာ ဆန်လှူဖြစ် တာက ဒါရိုက်တာ ဦးဝင်း ထွန်းထွန်းက ပြောလို့။ သူက
အမြဲ တမ်း မင်းသား၊ မင်းသမီးနှစ် ယောက်တွဲပြီးလှူနေကျ ဆိုတော့ ဩဂုတ်လမှာ
လှူမယ် ဆိုပြီး ဦးဝင်း ထွန်းထွန်းကို ပြောထားတာ။ ကစ်မွေးနေ့နဲ့က တိုက်ဆိုင်
သွားတာပေါ့။ မလှူခင်တစ်ရက်ကျမှ ကိုစိုင်းနဲ့လှူ ရမယ်ဆိုတာ သိတာပါ။ အဓိကက
ဦးဝင်းထွန်းထွန်း စီစဉ်တာပေါ့။
ချာ တိတ်ကားထဲမှာ ကစ်က ယောကျာ်း လျာဇာတ်ရုပ်ဆိုတော့ ကိုယ်တိုင်က ရော မိန်းမဖြစ်ရတာကို ကျေနပ်လား ဆိုတော့
ကျေနပ်ပါတယ်။ ဘုရား ပေးတဲ့ ကိုယ်ဖြစ်နေတဲ့ ဘဝလေး၊ ကိုယ်ရနေတဲ့ ဘဝလေးကို ကျေနပ်ပါတယ်။
အချစ်ရေး ကံမကောင်းဘူး၊ အချစ်က ဒရာမာတွေ များတယ်လို့ ပြောဖူးတဲ့ ကစ်ကရော လက်ရှိမှာ အချစ်ရေးကံကောင်း နေပြီလားဆိုတော့
မပြောတတ်ဘူး။
ကစ်ပြော ပြရလောက်အောင် ထွေထွေထူး ထူးမရှိပါဘူး။ အချစ်ရေး တင်တည် ငြိမ်တာ
မဟုတ်ပါဘူး။ အားလုံးက တည်တည်ငြိမ်ငြိမ် အေးအေးဆေး ဆေးပါပဲ။
By 8 Days
