ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ရိုက်ကူးနေတဲ့ 'လက်မရှောင် ကြေး'
ဇာတ်ကား မှာမိုးယုစံက မိုးအောင်ရင်နဲ့အတူ ဇာတ်ကားရိုက်ကူးနေ ပါတယ်။
ဒီဇာတ်ကားထဲမှာ မိုးယုစံက ယောက်ျားလေးတစ်ယောက်လိုဝတ်ပြီး မိုး အောင်ရင်ကို
လိုက်ပြိုင်တဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ထားပါတယ်။မိုးယုစံက
ဒီဇာတ်ကားထဲက ဇာတ်ကောင်အတိုင်း အဝတ်အစားရော ဆံပင်ဒီဇိုင်းကိုပါ
အပြောင်းအလဲလေးလုပ်ထားပါတယ်။ "မိုးယုက ဒီဇာတ် ကားထဲမှာ ယောက်ျားလေး
ပုံစံမျိုးဝတ်ရတယ်။ ဆံပင်ကအစ ဒါရိုက်တာက ဆံပင်တုမတတ်ခိုင်းဘဲ
ကတုံးဆံပင်ပေါက် ကိုပဲ ဘေးက ရှိတ်လိုင်းဖော်ခိုင်း တယ်။
ဒါရိုက်တာခိုင်းတဲ့အတိုင်းပဲ မိုးယုလည်းလုပ်ဖြစ် သွားတယ်။
ဒီဇာတ်ကားအတွက်ပါ။ ဒါကတော့ မိုးယုက ဆံပင်ပုံစံကို ဇာတ်လမ်းအရ
ကာရိုက်တာနဲ့လိုက်အောင်လုပ်ဖြစ်တာပါ။ မိုးယုဘာသာ မိုးယုဆိုရင်
လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီလိုမျိုး ဆံပင်ပုံစံလေး နည်းနည်း လုပ်တာ ကိုတောင်
ပရိသတ်တွေရဲ့ အမြင်မှာတစ်မျိုးမြင်မှာကို စိုးရိမ် တယ်။ အဲဒါကြောင့်
မိုးယုက သိပ်ပြီး မထွင်ဖြစ်ဘူး။ အဲဒီလိုမလုပ်ဖြစ် တာ လည်း တစ်ခါတလေကိုယ်က
မလုပ်ရဲလို့ ခေတ် နောက်ကျတယ်လို့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
မိုးယုတို့က တစ်ခုခုဆိုအကုန်လုံးကို ဂရုစိုက်မှလည်း ဆင်ဆာ က အစ လိုက် ပြီး
ကိုယ် ကသတိ ထား ရတာ လည်း ရှိတော့ တော် ရုံ တန်ရုံဆိုရင် ဘာမှသိပ်ပြီး
မလုပ်ဖြစ် ဘူး။ ဒီလို ဆံပင်ရှိတ် ထိုးတာက လည်း ပရိသတ်ရဲ့ အ မြင်မှာ ဆန်း
သွားအောင်လို့ ဒါရိုက်တာကလည်း ကာရိုက်တာ အရ လုပ် ခိုင်းလို့ လုပ်ဖြစ်သွား
တာပါ" လို့ ပြောပါတယ်။
မိုးယုစံက ပရိသတ် အမြင်မှာ အပြောင်း
အလဲလေးဖြစ် အောင် ရည်ရွယ်ပြီး လုပ် တာဖြစ်တဲ့ အတွက် ပရိသတ်ရဲ့ အမြင်
မှား၊အထင်တော့ မမှား စေချင်ဘူး လို့ပြောပြီး ဘာပဲလုပ်လုပ် အစစ အရာရာ သတိထား
ပြီးတော့ လုပ်ဖြစ်ပါ တယ်လို့ ပြောပါ တယ်။
လွင်လွင်ထွန်း
Popular Journal