နာမည်ကျော်
အမျိုးသား ဂီတအဖွဲ့ One Directionနှင့် ဗြိတိသျှ ရုပ်ရှင်မင်းသမီး
ရိုစီဟတ်တင်ဂမ် ဝှစ်ဘလေတို့သည် ဩဂုတ်လထုတ် Glamour မဂ္ဂဇင်း
မျက်နှာဖုံးအတွက် အတူတွဲ ဓာတ်ပုံ အရိုက်ခံခဲ့ကြကြောင်း သိရှိရသည်။
Victoria's Secret မော်ဒယ်လ် အဖြစ်မှ မင်းသမီးအဖြစ် ကူးပြောင်းလာသည့်
Transformers စတား Rosie ရိုစီသည် လီယမ်၊ လူးဝစ်၊ နီရဲလ်၊ ဇင်းန်၊ ဟယ်ရီတို့နှင့်အတူ ပူးပေါင်းခဲ့သည်။ဓာတ်ပုံတစ်ပုံတွင် ရိုစီသည် ဆိုဖာတစ်ခုပေါ် ထိုင်နေသည့် နာမည်ကျော်
ဂီတကြယ်ပွင့်
လူငယ်(၅)ဦး၏ ပေါင်ပေါ်တွင် ကန့်လန့်ဖြတ် လှဲလျောင်းနေပြီး
ညှို့ဆောင်နိုင်သည့် ကိုယ်ဟန်မျိုး ရှိနေသည်ကို တွေ့ရသည်။ သူမသည်
လှပကျော့ရှင်းသော ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ကာ ခန္ဓာကိုယ် အချိုးအဆက်
ပြေပြစ်မှုကိုလည်း ထင်သာမြင်သာ ဖြစ်နေစေသည်။ ထို့အပြင် One Direction
အဖွဲ့မှ မိန်းကလေးပရိသတ် အသည်းကျော် ဟယ်ရီနှင့် ရိုစီတို့ လက်ပွန်းတတီး
ကြည်နူးနေဟန် ဓာတ်ပုံကိုလည်း တွေ့ရသည်။
အသက်(၂၆)နှစ်ရှိ ရိုစီသည်
ဓာတ်ပုံများထဲတွင် လှပတည်ငြိမ်သော မိန်းကလေး တစ်ဦးအဖြစ် ရှိနေသည့်တိုင်
ရိုက်ကွင်းနောက်ကွယ်တွင်မူ One Direction အဖွဲ့သားများနှင့် နောက်ပြောင်
ရယ်မောရင်း အရွှမ်းဖောက် ဟာသများ ပြောဆိုနေခဲ့ကြောင်း သိရသည်။ ယခုမဂ္ဂဇင်းကို
မျက်နှာဖုံး ခွဲခြားကာ နှစ်မျိုးထုတ်လုပ်မည် ဖြစ်ပြီး တစ်အုပ်မှာ
Musicကဏ္ဍအတွက် သီးသန့် ထုတ်ဝေမည်ဟုလည်း သိရှိရသည်။
PlanetMyanmar