လူငယ်များအကြား
ဘိန်းစာရွက်အား အလွန်အကျွံ အသုံးပြုလာမှုကြောင့် မြန်မာနိုင်ငံ အနေဖြင့်
ဘိန်းနှင့်ဆက်စပ် ပစ္စည်းစာရင်းတွင် ဘိန်းစာရွက်ကို ထည့်သွင်းလိုက်ကြောင်း
မူးယစ်ဗဟိုဌာနမှ ဒုတိယရဲမှူး ခင်မောင်သိန်းထံမှ သိရသည်။ဘိန်းစာရွက်အား လူငယ်များအကြားတွင် အမှုန့်အဖြစ် ပြုလုပ်ကာ
ချောင်းဆိုး ပျောက်ဆေး၊ ကော်ဖီမှုန့်၊ ဒိန်ချဉ်တို့နှင့် ရောနှောကာ
အသုံးပြုမှုများမှာ
များပြားလာသောကြောင့် ဖြစ်ကြောင်း ဒုတိယရဲမှူး
ခင်မောင်သိန်းက ပြောကြားသည်။
''ယခင်အချိန်တွေက တနင်္သာရီတိုင်းရှိ
ဒေသခံတွေ ရေငုပ်ပြီး သူတို့ငုံတယ်။ အဲဒါကို လူငယ်တွေက တလွဲအသုံးပြုမှုတွေ
ကျယ်ပြန့်လာတဲ့ အတွက်ကြောင့် မြန်မာတစ်နိုင်တည်း အနေနဲ့ပဲ ဘိန်းစာရွက်ကို
ဘိန်းစာရင်းထဲ ထည့်လိုက်တယ်။ အဲဒီဆေးက စိတ်ကျဆေးတယ်။ အရင်တုန်းကတော့
ဘိန်းစာရွက်နဲ့ ပတ်သက်ပြီး သိပ်စစ်ဆေးမှုတွေ မရှိဘူး။ အခုနောက်ပိုင်းတော့
တွေ့ရင်ဖမ်းတယ်'' ဒုရဲမှူး ခင်မောင်သိန်းက ဆက်လက် ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံ အတွင်း၌ ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းဆီ၊
စိတ်ကြွဆေးပြား၊ Ephedrine၊ Pentazozine ဆေးပြား၊ Phensedyi အရည်၊ Diazepam
ဆေးပြား၊ Diazepam ထိုးဆေး၊ Tramadol ဆေးလုံး၊ Alprazolan ဆေးပြား၊
Marphine ထိုးဆေးတို့အား အများဆုံး အသုံးပြုလျက်ရှိသည်ကို စစ်တမ်းများအရ
သိရသည်။
မူးယစ်တားဆီး နှိမ်းနင်းရေးအဖွဲ့ အနေဖြင့် အဓိကဘိန်းများ
ထွက်ရှိရာ နယ်စပ်ဒေသများသို့ ရောက်ရှိနိုင်ခြင်း မရှိသေးမှုမှာ အားနည်းချက်
ဖြစ်နေပြီး၊ အခွင့်ကောင်း ယူသူများ ရှိနေကြောင်း သိရသည်။
Eleven Media Group