ဘရစ်တနီ
စပီးယားစ်သည် သူမ၏ သီချင်း ဗီဒီယိုသစ်တွင် သားနှစ်ဦးကိုပါ ထည့်သွင်း
သရုပ်ဆောင်စေခဲ့ကြောင်း သိရှိရသည်။ ဘရစ်တနီ၏ သားနှစ်ဦးဖြစ်သော
အသက်(၇)နှစ်အရွယ် ရှောင်ပရက်စတန်၊ အသက်(၅)နှစ်ရှိ ဂျေဒန်ဂျိမ်းစ်တို့သည် #Ohh La La သီချင်း ဗီဒီယိုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ဘရစ်တနီသည် သားနှစ်ဦးနှင့်အတူ ရုပ်ရှင်ရုံထဲတွင် ကျီစယ်နေသည့်
ဇာတ်ဝင်ခန်းကို ထည့်သွင်းထားခြင်း ဖြစ်သည်။ Smurf 2 ကာတွန်းရုပ်ရှင်ကို
သားအမိ(၃)ဦး
အတူကြည့်ရှုနေရင်း မိခင်ဖြစ်သူက ကာတွန်းရုပ်လေးများနှင့်
ပေါင်းစည်းသွားပြီး မျက်လှည့်ဆန်ဆန် ဖန်တီးပြရာတွင် ဘရစ်တနီ၏ သားများက
အံ့ဩသွားဟန် သရုပ်ဆောင်ထားကြသည်။
ဘရစ်တနီသည် အနီရောင် ဝတ်စုံကို ဆင်မြန်းထားပြီး အပြာရောင် လူပု ကာတွန်းရုပ် #Smurf လေးများနှင့်အတူ #Animation
ရေးဆွဲထားသည့် သီချင်းဗီဒီယိုကို စိတ်ကူးယဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။
ရိုက်ကွင်းမြင်ကွင်းတွင် ဘရစ်တနီ၏ (၅)နှစ်အရွယ် တူမလေး မက်ဒီသည်လည်း သားအမိ
(၃)ဦးနောက်တွင် ရှိနေသည်ကို တွေ့ရသည်။
ဘရစ်တနီက အဆိုပါ သီချင်းဗီဒီယိုကို #Vevo
တွင် လွှင့်တင်ပြီးချိန်တွင် "ကျွန်မရဲ့ ကလေးတွေ ချစ်စရာ မကောင်းဘူးလား"ဟု
Twitter ၌ ရေးသားခဲ့သေးသည်။ ဘရစ်တနီ၏ သားငယ်(၂)ယောက်သည်လည်း အဆိုပါ
ရိုက်ကွင်း အတွေ့အကြုံကို ပျော်ရွှင် ဝမ်းသာနေခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network