ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်သည့် အချိန် ဖြစ်သော်လည်း မြန်မာလူမျိုး
မျက်စိဖြင့် ကြည့်ရှု အဆင်ပြေမည့် ဇာတ်လမ်းမျိုးကို ရိုက်ကူး ပါကြောင်း
သရုပ်ဆောင် စံရတီမိုးမြင့် က ပြောသည်။
''မြန်မာ မျက်စိနဲ့ ပြန်ပြီး ကြည့်လို့ရတဲ့ ဇာတ်မျိုးတွေကို ရိုက်တယ်။
ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်တဲ့ အချိန်မှာ အရင်က မရိုက်ဖူးတဲ့
ပုံစံမျိုးကို ရိုက်လာကြ တယ်။ မြန်မာနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာမျက်စိ
နဲ့ကြည့်လို့ အဆင်ပြေအောင် ရိုက်ဖို့ပဲလိုပါတယ်။ လုံးဝ မရိုက်ရဘူးလို့
ပြောတာမျိုး မဟုတ်ပါဘူး။ အနုပညာသမား ဆိုတာ ကတော့ ပရိသတ်ကို
အဆန်းအပြားလေးတွေ ချပြချင်တဲ့ စိတ်လေးတွေတော့
ရှိတယ်။ ကိုယ်ရွေးချယ်တဲ့
ဇာတ်လမ်းပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ဘယ်လို သရုပ်ဆောင် ရမလဲဆိုတာပဲ
ရှိတယ်။ ဒီဟာလေးကို အကောင်းဆုံး ဘယ်လို လုပ်မလဲ ဆိုတာကိုပဲ
ညှိနှိုင်းခွင့်ပဲရှိကြတယ်။ အဲဒီအတွက် စံရတီ တို့ က မြန်မာ မျက်စိနဲ့
ကြည့်လို့ အဆင်ပြေမယ့် ဇာတ်လမ်းတွေကို အားလုံးနဲ့ တိုင်ပင်ပြီး
ညှိလုပ်ဖြစ်တယ်။ တိုင်ပင်ပြီး လုပ်တယ်။ ကိုယ်ကသာ အရာရာကို အကောင်းဆုံး
တင်ပြ ရိုက်ပြနိုင်ရင် ပရိသတ်တွေ လည်း ကြိုက်ကြမှာပါ'' ဟု စံရတီမိုးမြင့်က
ပြောသည်။
''စံရတီ အရင်က ရိုက်ခဲ့တဲ့ ဇာတ်တွေဆိုရင် သိပ်ပြီး အားမရခဲ့တာတွေ ရှိတယ်။
နောက်ပိုင်းတော့ ကိုယ့်ဘက်က အစအဆုံး သေချာလေး ကြိုးစားပြီး လုပ်တယ်။ ပရိသတ်
တွေ ကလည်း အားပေး လာကြတယ်။ အဲဒီအပေါ် မှာလည်း ကျေနပ်တယ်။ ကိုယ့်ရဲ့
ဇာတ်ကားလေးတွေ ကိုလည်း ပြန်ပြီး ကြည့်တယ်။ ကြည့်တဲ့ အခါမှာ လည်း ပရိသတ်
တစ်ယောက် လို ပြန်မကြည့်ဘူး။ ကြည့်ဖြစ်တာ နည်းတယ်။ ကိုယ်ကျတော့ အိုက်တင်က
အစ မိတ်ကပ် အဆုံး ကိုယ့်ဘာသာကိုယ် အသေးစိတ် ပြန် ကြည့်တယ်။
ထောင့်ပေါင်းစုံက ပြန်ပြီး ကြည့်ဖြစ်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေ
ကိုလည်း ကြည့်ပြီး မှတ်ထားတယ်။ အထောက်အကူ လေးလည်း ရတယ်။ ကိုယ့်
ကိုယ်ကိုယ်လည်း ပြန်ပြီး လိုအပ်တာလေးတွေ ရှိရင်လည်း ပြန်ပြင်တယ်''ဟု ၄င်းက
ဆိုသည်။
ဒါရိုက်တာ ဗန်းကြီး၏ တံခါးတစ်ချပ်ကို ဇာတ်ကားမှာ စံရတီမိုးမြင့်က ဇေရဲထက်
နှင့် ပါဝင် ရိုက်ကူးနေပြီး ၄င်း ဇာတ်ကားထဲမှာ စံရတီမိုးမြင့်က ဇေရဲထက်
ရဲ့ဇနီး အဖြစ် သရုပ်ဆောင်ထားသည်။
လွင်လွင်ထွန်း
Popular Journal