မန်ယူမှာ ၀ါရင့်ကစားသမား ရွိုင်ယန်ဂစ်ကို ကစားသမား နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ ဂစ်မှာ ပြီးခဲ့သည့် မတ်လက မန်ယူနှင့် တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီး လာမည့် ရာသီမှာ ၎င်း၏ ကစားသမားဘဝ
၂၃ရာသီမြောက် ဖြစ်သည်။ နည်းပြ အဖွဲ့တွင် ပါဝင်ခွင့် ရခဲ့ခြင်းအတွက်
ဂုဏ်ယူမိကြောင်း ဂစ်က ဆိုခဲ့ပြီး ၎င်း၏ အတွေ့အကြုံများက အသင်းအတွက်
အောင်မြင်မှု ရရှိရန် စွမ်းဆောင်နိုင် လိမ့်မည်ဟုလည်း
ယုံကြည်နေသည်။
ထို့အပြင် မန်ယူမှာ ကစားသမားဟောင်း ဖီးလ်နဗီးကိုလည်း နည်းပြ အဖွဲ့ဝင်အဖြစ်
ခန့်အပ်လိုက်သည်။ ဖီးလ်နဗီးမှာ ၂၀၀၅ခုနှစ်တွင် မန်ယူမှ အဲဗာတန်သို့
ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နည်းပြဘ၀သို့ ကူးပြောင်းရန် ဆန္ဒရှိခဲ့ကြောင်း
အတည်ပြုထားကာ ပြီးခဲ့သည့်လက အင်္ဂလန် ယူ-၂၁အသင်းတွင် နည်းပြအဖွဲ့ဝင်
အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။
YoYarLay