အလုပ်သမား
ဝန်ကြီးဌာနသို့ ဆက်သွယ် အလုပ်လျှောက်ထားသည့် မလေးရှားပြန်
မြန်မာအလုပ်သမားများ အနက် ရာခိုင်နှုန်း ၉၀ ခန့်မှာ အလုပ်ရရှိပြီး
ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ
သိရသည်။အလုပ်သမား ၀န်ကြီးဌာနသို့ အလုပ်ဆက်သွယ် လျှောက်ထားသည့် မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများကို အလုပ်ရှင်
များနှင့် တိုက်ရိုက်ချိတ်ဆက် အလုပ်ရှာဖွေ ပေးခဲ့ရာ ဇွန် ၂၈ ရက်တွင်
မလေးရှားပြန် အလုပ်သမား ၅၅ ဦး၊ ဇူလိုင် ၃ ရက်တွင် ၄၂ ဦး၊ ဇူလိုင် ၎
ရက်တွင် အလုပ်သမား ၁၂၀ တို့မှာ အလုပ်ရရှိခဲ့ကြောင်း သိရသည်။
''ကျွန်မတို့ဆီကို ဆက်သွယ် အလုပ်လျှောက်ထားတဲ့ အလုပ်သမား အများစုမှာ
ရာခိုင်နှုန်း ၉၀ က အလုပ်ရသွား ကြပါပြီ။ ကုမ္ပဏီ ၁၅ ခုကနေ အလုပ်သမား
အများစုကို ခေါ်ယူသွားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ စက်မှုဇုန်ထဲက
လုပ်ငန်းရှင်တွေလည်း ပါပါတယ်။ မလေးရှားပြန် အလုပ်သမားတွေ လတ်တလော
အဆင်ပြေဖို့အတွက် အခုလို အားချင်းဆောင်ရွက် ပေးနေတာပါ။ အလုပ်ရသွားတဲ့
သူတွေထဲမှာ လွန်ခဲ့တဲ့ သုံး၊ လေး နှစ်က သက်တမ်းစေ့လို့ ပြန်လာတဲ့
အလုပ်သမားတွေလည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဌာနက အကုန်လုံးကို
အလုပ်ရှာပေး နေတာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန (ရန်ကုန်
တိုင်း ဒေသကြီး) တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က ပြောကြားခဲ့သည်။
အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်
ရှိလာသည့် မြန်မာအလုပ်သမားများအား အလုပ်ခန့်လိုသည့် အလုပ်ရှင်
များနှင့် တိုက်ရိုက်ချိတ်ဆက်မှုများ ပြုလုပ်ကာ One Stop Service စနစ်ဖြင့် အလုပ်ရှာဖွေမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ကုမ္ပဏီ ၂၀ ကျော်မှ
အလုပ်သမား ၅၆၀ ကို ခေါ်ယူရန် အလုပ်သမား ၀န်ကြီးဌာနသို့ တင်ပြထားပြီး
လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဒဂုံ၊ ရွှေပြည်သာ စသည့်
စက်မှုဇုန်များမှလည်း အလုပ်သမား ၁၂၈၂ ဦး ကို ခေါ်ယူရန် တင်ပြထားသည်ဟု
သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် အလုပ်လျှောက်လွှာများကို အကန့်အသတ်မရှိ လက်ခံလျက်ရှိပြီး
ပြည်တွင်း၌ အလုပ်လုပ်ကိုင်လိုသော မြန်မာအလုပ်သမားများ အနေဖြင့် Complaint Mechanism Centre ဖုန်း ၀၆၇-၄၃၀၀၇ သို့ ဆက်သွယ်
လျှောက်ထားနိုင်ကြောင်း သိရသည်။
eleven media group