04 June, 2013

ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့Global Platform Action Aidဒုတိယအသုတ် လေ့လာရေးအစီအစဉ်

ဇွန်လ၊ ၃ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ''Global Platform Action Aid'' မှ ဒုတိယအသုတ် သင်တန်းသား ကျောင်းသားကျောင်းသူ၂၃ ဦးသည် လေ့လာရေးအစီအစဉ်အဖြစ်ရောက်ရှိခဲ့ကြသည်။
အဆိုပါကျောင်းသားကျောင်းသူများအား ၈၈မျိုးဆက်မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ ပြုံးချိုနှင့် လူထုဆက်ဆံရေး တာဝန်ခံ ဂျင်မီတို့က လက်ခံတွေ့ဆုံခဲ့ကြပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်
လင်းလူ့အဖွဲ့အစည်း၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ၄င်းတို့သိရှိလိုသည့် မေးမြန်းချက်များကို ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

The 88 Generation Peace and Open Society