07 June, 2013

လေယာဉ်သက်ကယ်မီးငြှိမ်းသတ်ရေးသင်တန်းတွင် အသုံးပြုရန် Fokker 27 လေယာဉ်တစ်စီး မီးသတ်ဌာန ချုပ်သို့ ရောက်ရှိ

လေယာဉ်သက်ကယ်မီးငြှိမ်းသတ်နည်းသင်တန်းတွင် အသုံးပြုရန် Fokker 27 လေယာဉ်တစ်စီး မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ် စစ်ရေး ပြကွင်းတွင် ရောက်ရှိလျက်ရှိကြောင်း သိရသည်။
 “အရင်ကတည်းက လေယာဉ်သက်ကယ်မီးငြှိမ်းသတ်နည်း သင်တန်းတွေကို နှစ်စဉ်ဖွင့်ခဲ့တာပါ။ အရင်နှစ်တွေကတော့ ဒီမှာစာတွေ့သင် ပြီးမှ လေယာဉ် ကွင်းတွေမှာ သွားပြီး လေ့လာရတာပေါ့။ အခု ဒီနှစ်ကစပြီး တကယ့်လေ ယာဉ်အစစ်နဲ့ လက်တွေ့သင်တန်းပေးနိုင်တာ့မှာပါ” ဟု မြန်မာ နိုင်ငံမီးသတ် တပ်ဖွဲ့ ဒုညွှန်ကြားရေးမှူး ဦးတင်မင်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လေယာဉ်သက်ကယ်မီးငြှိမ်းသတ်နည်းသင်တန်းတွင် အသုံးပြုရန်လိုအပ်သဖြင့် နိုင်ငံတော် ထံမှ အကူအညီ တောင်းခံခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး မြန်မာ့လေကြောင်းမှ အသုံးမပြုတော့သည့် Fokker 27 လေ ယာဉ်ကို လက်တွေ့သင်ကြားရေးတွင် အသုံးပြုနိုင်အောင် မေလ ၂၃ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပြီး မီးသတ်ဌာနချုပ်ဝင်းအတွင်းတွင် အဆိုပါလေယာဉ်ကို ပြုပြင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဒီသင်တန်းက နှစ်စဉ်လုပ်နေကြပါ။ မီးသတ်တပ်ဖွဲ့က အရာရှိငယ် ၃၀လောက်ကို သင်တန်းပေးတာပါ။ နှစ်တိုင်း အောက်တိုဘာ၊ နိုဝင်ဘာ လောက်မှာ သင်တန်းပေးလေ့ရှိပြီး သင်တန်းချိန်က ၄ပတ်ကြာမြင့်ပါတယ်” ဟု မီးသတ်ဌာန ချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက မြန် မာ့ခေတ်သို့ ပြောကြားသည်။

လေယာဉ်မီးငြှိမ်းသတ်သည့် နည်းစနစ်မှာ သာမာန်မီးလောင်မှုကို ငြှိမ်းသတ်ပုံများနှင့် မတူညီကြောင်း မီးငြှိမ်းသတ်ရန် နေရာယူရပုံစနစ် ကွာ ခြားကြောင်း၊ လေယာဉ်မီးလောင်မှု ဖြစ်ပွားပါက ရိုးရိုးရေဖြင့် ငြှိမ်းသတ်ပါက ဓါတ်ပြုမှုများ ဖြစ်ပေါ် ပြီး ပေါက်ကွဲမှုဖြစ်နိုင်သောကြောင့် အမြှုပ် ထသည့် ဆေးရည်တစ်မျိုးဖြင့် ငြှိမ်းသတ်မှ ရကြောင်း မီးသတ်အရာရှိ၏ ရှင်းပြ ချက်အရ သိရသည်။

အဆိုပါ Fokker 27 လေယာဉ်အမျိုးအစားမှာ ပြည်သူများ ကြည့်ရှုနိုင်ရန် ပြည်သူ့ရင်ပြင်သို့ မြန်မာ့လေကြောင်းလိုင်းမှ ပေးအပ်ခဲ့သော လေ ယာဉ်နှင့် အမျိုးအစားတူလေယာဉ်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်