04 June, 2013

Facebook Fan Page မှ အမာခံ ပရိသတ်များ နဲ့ ပထမဦးဆုံး အကြိမ် တွေ့ဆုံခဲ့တဲ့ ထွန်းအိန္ဒြာဗို

ထွန်းအိန္ဒြာဗိုက သူ့ရဲ့ Facebook Fan Page မှ ပရိသတ်များ နဲ့မေလ ၃၁ ရက်နေ့က နေအိမ်မှာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ Fan Page မှ ပရိ သတ်တွေနဲ့ ပထမ ဦးဆုံး အကြိမ်တွေ့ဆုံတာ ဖြစ်ပြီး အခုလို တွေ့ဆုံပွဲကို စီစဉ် ခဲ့တာဖြစ်ပါတယ်။ “တအားပျော်စရာ ကောင်းပါတယ်။ ညတော်တော် မိုးချုပ်မှ သူတို့ ပြန်သွားတယ်။ သူတို့ သိချင်တာတွေ မေးတယ်။ ကျွန်မကဖြေတယ်။ ကျွန်မ မေးတာတွေလည်း သူတို့ဖြေကြတယ်။ မြင့်မိုရ်လင်း နဲ့က သိနေတာကြာ ပြီ။ ကျွန်မရဲ့အိုင်တီ ကိစ္စတွေ လည်း သူပဲ ကူညီပေးနေတာ။ ကျွန်မ Fan ကနေ သိသွားတဲ့ ကျွန်မရဲ့မိတ်ဆွေပေါ့။ ထွန်းအိန္ဒြာဗို Fan Page ကို ကျွန်မ ကိုယ်တိုင် လုပ်တာ။ ဒါပေမဲ့သူက အများကြီး ကူညီပေး ခဲ့တယ်။ ကျွန်မကို သီချင်းခွေတစ် ခွေထုတ် ဖို့ပြောကြတယ်။ ကျွန်မလည်း အဲဒီစိတ်ကူး ရှိပါတယ်။ သီချင်းတွေက တော့သေချာ စီစဉ်ပြီးမှ လုပ်ရမယ်။

အခုတလော အလုပ်တွေ လည်း တော်တော် ရှုပ်နေတော့ အဲဒီဘက်ကို သေချာ အာရုံစိုက်လို့ မရသေးဘူး။ နောက်လည်း Fan Page ကပရိသတ်တွေ နဲ့ တွေ့ဖြစ်ဦးမှာပါ” လို့ပြောပြီး သြစတြေးလျ ပရိသတ် တစ်ဦး စီစဉ်လာတဲ့ ထွန်းအိန္ဒြာဗို အမည်ပါ ရွှေဆွဲကြိုး တစ်ကုံးကို ကာလရှည်ကြာ မေးမြန်းခဲ့တဲ့ မေးခွန်းများကို မှန်ကန်စွာဖြေဆိုနိုင်တဲ့ ပရိသတ် တစ်ဦးကို Big Fan Award ဆုအနေနဲ့ အမှတ်တရ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
Popular Journal