04 June, 2013

Facebook နှစ်ခု သုံးတဲ့ အဆိုတော် Bobby Soxer

အဆိုတော် Bobby Soxer လည်း တခြားသော အထင်ကရ အဆိုတော်များနည်းတူ သူ့ပရိသတ်အတွက် Facebook စာမျက်နှာ ဖန်တီးထားပါတယ်။
Like လုပ်ထားသူပေါင်း မကြာသေးခင်ကပဲ တသိန်းပြည့်သွားပါပြီ။
... Bobby Soxer ခေါ် ထက်ထက်က ၁၉၉၃ မေ ၂၂ မှာ မွေးပါတယ် တဲ့။

fan page ကို တွေ့ဖို့ သွားရမယ့်နေရာက www.facebook.com/Bobbysoxer.fanspage
ဖြစ်ပါတယ်။ အဲဒါကတော့ အများအတွက် ရည်ရွယ်တာပါ။

သူ့နောက်လိုက်ဖို့အတွက် သွားရမှာက www.facebook.com/bobby.soxer.3
ဖြစ်ပါတယ်။ သူ့နောက်လိုက်တယ် ဆိုကတည်းက သူဘာလုပ်နေတယ်၊ ဘယ်သွားနေတယ် ဆိုတာတွေကို သိရမှာ ဖြစ်ပါတယ်။

သူ တောင်ငူမြို့ကို သွားနေတယ် ဆိုတဲ့ ဓာတ်ပုံ မနေ့ညက တင်ထားပါတယ်။

စနေနေ့တုန်းကတော့ လူနှစ်ယောက်ရဲ့ဆက်ဆံရေးအကြောင်း အခုလို ရေးထားပါတယ် ...

တကယ်တော့ Relationship ၁ခုကိုထိန်းသိမ်းရတယ်ဆိုတာ ပြုတ်ကျလွယ်ကွဲအက်လွယ်တဲ့ ဖန်ခွက်လေး၁ခွက်ကို လူ၂ယောက်က တလှည့်စီလက်မှာကိုင်ပြီး မပြုတ်ကျအောင် စောင့်ရှောက်ပေးနေရသလိုမျိုးပါဘဲ။ ဖန်ခွက်လေးကိုကိုင်ထားတဲ့ လက်တစ်ဖက်က ညောင်းလာပြီ ပင်ပန်းစပြုလာပြီဆိုရင် နောက်လူ၁ယောက်က အဲဒီပင်ပန်းမှုကို တလှည့်လက်ဆင့်ကမ်းယူနိုင်မှ။ အဲဒီပင်ပန်းမှုတွေကို တလှည့်ဆီ ဆင့်ကမ်းယူမဲ့ လက်၁စုံသာမရှိခဲ့ဘူးဆိုရင်တော့ အကြာကြီးထိန်းသိမ်းလာခဲ့ရတဲ့ လက်ပေါ်ကဖန်ခွက်လေးလဲကျကွဲသွားနိုင်တယ်နော်။

ဧရာဝတီ