အိန္ဒြာကျော်ဇင်က ခင်ပွန်းဖြစ်သူ ပြေတီဦးအား နောက်ထပ် အနုပညာ မှတ်တိုင် တစ်ခု စိုက်ထူစေချင်ကြောင်း ပြောသည်။”ကိုယ်က ပိုပြီးတော့ ဖြစ်စေချင် တယ်။ သူ့အကြောင်းကို အူဝဲက ပိုသိ နေ တယ်။
သူက တစ်ခုခုဆို တအား စိတ်ထည့်ပြီး လုပ်တယ်။ အဲဒီ Effect ကလည်း တအားကောင်း
ပါတယ်။ အခု လည်း ပရိသတ်တွေ ကြိုက်ကြ တယ်။ ရုံတင်တဲ့ အခါလည်း ပရိသတ်တွေ
ကြိုက်ကြမယ်လို့ အူဝဲ ထင်ပါ တယ်။ နောက် ထပ်အကယ်ဒမီ တစ်ခု ကိုလည်း ရစေ
ချင်ပါတယ်” ဟု အိန္ဒြာကျော်ဇင်က ပြော
သည်။
”တအား ကောင်းပါတယ်။ Tri
ရှိုး လည်း တစ်ခါ ကြည့်ပြီးပြီ။ အဲဒီ ကတည်း က ကြိုက်တယ်။ ဒီနေ့တော့ တစ်ကား
လုံးကို သေသေချာချာ နဲ့ ပြန်လုပ် ထား တော့ အရင် ကြည့်ထားဖူးတဲ့ ရုပ်ရှင်တွေ
နဲ့ မတူဘူး။ ကွာလတီ လည်း တအား ကောင်းတယ်။ သရုပ်ဆောင် တာက ကို ပြေတီဦးလည်း
တအား ကောင်းတယ်။ ဖွေးဖွေးလည်း တအား ကောင်းတယ်။ ကိုဝိုင်းလည်း တအားတော်တယ်။
ကလေး သရုပ်ဆောင် ယွန်းယွန်းလေး လည်း တအားကောင်းတယ်။ ဒီဇာတ် ကားထဲမှာပါတဲ့
လူ အကုန်လုံးက သူ့နေ ရာနဲ့သူ ပရိသတ်ကို တအား စွဲဆောင် နိုင်တယ်။
အဲဒါကြောင့် တစ်ကားလုံးကို အူဝဲ တအားကြိုက်ပါတယ်” ဟု ၄င်းက ဆိုသည်။
အနုပညာ အလုပ်တွေ ခေတ္တနား ထားသော်လည်း ဇွန်လ ၁၄ ရက်နေ့ က ပြေတီဦး နဲ့အတူ
ဂျပန်နို့မှုန့် ကြော်ငြာ တစ်ခုကို ပြင်ဦးလွင်မှာ ရိုက်ဖြစ်ခဲ့ ကြောင်း
သိရသည်။
”ပထမတုန်းက မိသားစု လိုက် ရိုက်ချင်တာ။ ပရိုဂျူဆာကရော၊
ဒါရိုက် တာကရော သမီးလေး နဲ့ ရိုက်စေချင်ကြ တယ်။ သမီးကို ပေးမရိုက်တာက သူက
ရိုက်ရင် ဂျီကျ ချင်တော့ လုပ်တဲ့ လူတွေ စိတ်ညစ်မှာ အဆင်မပြေမှာ စိုးလို့
သမီး ကို တော့ မရိုက်ပါ ရစေနဲ့လို့ တောင်းပန် ပြီး ကိုနိုင် ရဲ့ ကလေးတွေ ၊
တူမလေးတွေ နဲ့ ရိုက်လိုက်တယ်။ ဒီကြော်ငြာတော့ ရိုက်ပေးပါ ဆိုလို့
ရိုက်ပေးတာပါ။ ကြော် ငြာက တစ်ရက်တည်း ဆိုတော့ ပြဿနာ မရှိဘူးလေ”ဟု ၄င်းက
ပြောသည်။
ခိုင်ဝေလွင်
Popular Journal