11 June, 2013

ရုရှသမ္မတဗလာဒီမာပူတင်ကွာရှင်းပြတ်စဲလိုက်ခြင်းမှာဒီချစ်သူသစ်ကြောင့် လားဟုထင်ကြေးပေးနေ

ရုရှ သမ္မတ ဗလာဒီမာပူတင်နဲ့လောလောလတ်လတ်မှာ နာမည်ကြီးနေတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားချန်ပီယံဟောင်း အလီနာ ဆိုတဲ့ အမျိုးသမီးပါ.. ကမ္ဘာကျော်တို့ရဲ့ အတွင်းရေးကို အကြောင်းအမျိုးမျိုးစိတ်ပါဝင်စားသူတွေအတွက် ဒီသတင်းဟာ ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်.. ပူတင်ရဲ့ မိသားစုဘ၀ကို အချိန်မပေးနိုင်မှုကြောင့် သမီးနှစ်ယောက်ရှိတဲ့ အိမ်ထောင်ရေးမှာ ဇနီးဖြစ်သူနဲ့ဇွန်လ 6 ရက်မှာ တရားဝင်လမ်းခွဲဖို့ဖြစ်လာခဲ့ပါတယ်...
ပူတင်တို့ အိမ်ထောင်ရေးဟာ အနှစ် 30ကျော်ခဲ့ပြီး နှစ်ဦးသဘောတူ လမ်းခွဲမှုဆိုတဲ့အကြောင်း ဇနီးဟောင်းလူဒီမီလာ ပူတင်က ပြောပါတယ်....

ဒီအချိန်မှာအသက်30အရွယ် ကျွမ်းဘားချန်ပီယံဟောင်းကောင်မလေးနဲ့ ဇာတ်လမ်းကို ချဲ့ကားပြောဆိုကြပြီး ကလေးရှိနေတယ်လို့တောင် သတင်းတွေ ထွက်ခဲ့တာပါ... အမျိုးသမီးလေးကတော့ အဲဒီသတင်းတွေကို
ငြင်းဆိုပြီး ပူတင်နဲ့ ကင်းကင်းရှင်းရှင်းနေထိုင်ကြောင်းပြောခဲ့ပါသတဲ့... ပူတင် ဟာ အခုအချိန်မှာ အသက် 60 ရှိပါပြီ.

Sunday Journal