12 June, 2013

တောရက်စ်ကို အလိုက်ပေး၍ ကာဗာနီကို ချဲလ်ဆီးကမ်းလှမ်းခဲ့သော်လည်း နာပိုလီပယ်ချ

ချဲလ်ဆီးသည် နာပိုလီတိုက်စစ်မှူး ကာဗာနီကိုခေါ်ယူရန် တောရက်စ်အပြင် ယူရိုသန်း ၄၀ အလိုက်ပေးကာ ကမ်းလှမ်းခဲ့သော်လည်းပယ်ချခံခဲ့ရပြန်သည်။ ချဲလ်ဆီးမှာ ပထမအကြိမ်က အက်သလက်တီကိုတွင် အငှားသွားကစားနေသော ဂိုးသမား ကော်တိုရစ်နှင့် ပေါင်သန်း ၄၀ အလိုက်ပေးကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး
ငြင်းပယ်ခံခဲ့ရခြင်းကြောင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
နာပိုလီမှာ ၎င်းတို့၏တိုက်စစ်မှူးအတွက် လက်ငင်းငွေသားပေးချေမှုကိုသာ အလိုရှိနေသောကြောင့် ကစားသမားအလိုက်ပေး ကမ်းလှမ်းမှုများကို လက်မခံလိုခြင်းဖြစ်သည်။ ထို့အပြင် ကာဗာနီအတွက် မန်စီးတီးကလည်း တိုက်စစ်မှူး ဒီဇီကိုအပြင် ယူရိုသန်း ၃၀ အလိုက်ပေး၍ ကမ်းလှမ်းခဲ့ဖူးပြီး နာပိုလီအနေဖြင့် ကလပ်အသင်း အများအပြားအပြိုင် ကမ်းလှမ်းမှုကြောင့် ကာဗာနီအတွက် ပြောင်းရွှေ့ကြေး ပိုမိုရရှိရန် လုပ်ဆောင်နေခြင်း ဖြစ်ဖွယ်ရှိသည်။ သို့သော် ကာဗာနီက တိုက်ကြီးများဖလား ပြိုင်ပွဲပြီးမှသာလျှင် ၎င်း၏အနာဂတ်ကို ဆုံးဖြတ်မည်ဟု အတည်ပြုထားခဲ့သည်။

ရိုးရာလေး