04 June, 2013

လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှဆိုင်ကယ် ၁၀စီး ခိုးသူအား ဖမ်းဆီးဖေါ်ထုတ်

၃၀.၅.၂၀၁၃ရက်နေ့တွင် လှိုင်သာယာမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည်
 ဒုစရိုက်မှုခင်းများအားဖေါ်ထုတ်လျက်ရှိရာ ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း သတင်း
ရရှိထားသူ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ သခင်တင်လမ်းနေ စိုးသီဟ(ခ)ဇော်မျိုးအောင်၊ (၂၄)နှစ်၊(ဘ)ဦးမျိုးသန့်အား ဗစ်တိုးရီးယားကုန်တိုက်ရှိ ဆိုင်ကယ်များရပ်သည့်
နေရာတွင် တွေ့ရှိသဖြင့်ခေါ်ယူစစ်ဆေးခဲ့ရာ
လှိုင်သာယာမြို့နယ်အတွင်းမှ ဆိုင်ကယ်(၁၀)စီးအား ခိုးယူခဲ့ပြီး ဒလမြို့နယ်ဘက်တွင် သွားရောက်ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံ ဆိုင်ကယ်များအား
သိမ်းဆည်းခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police