စပိန်အသင်းသည်
ဥရောပယူ-၂၁ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းထား နိုင်ရန်အတွက် ဇွန် ၁၈ ရက်က
ကျင်းပခဲ့သော ပွဲစဉ်တွင် သီရာဂိုအယ်ကန် တာရာ၏ ဟက်ထရစ်ဖြင့် အီတလီ အသင်းအား
ဂိုးပြတ်အနိုင် ကစားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စပိန်အသင်း ခေါင်းဆောင် သီရာဂိုသည် ပွဲချိန် ပထမပိုင်း
အတွင်းမှာပင် ဟက်ထရစ်
ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ဦးဆောင် အဖွင့်ဂိုးကို
ပွဲစပြီး ခြောက်မိနစ်ခန့်တွင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အီတလီ အသင်းသည် နောက်ထပ် လေးမိနစ်ခန့် အကြာတွင် အင်မိုဘိုင်း၏
သွင်းဂိုးဖြင့် ချေပဂိုး ရရှိခဲ့သည်။ အင်မိုဘိုင်းသည် ၎င်းဂိုးအား ဂူလီအို
ဒွန်နာတီ၏ ဖြတ်တင် ဘောမှတစ်ဆင့် လှပစွာ ရယူခဲ့ခြင်း ဖြစ်သည်။
သီရာဂိုသည် စပိန်အသင်းအတွက် ဒုတိယမြောက်ဂိုးကို ပွဲချိန် ၃၁ မိနစ်တွင်
ရယူပေးခဲ့ပြီး ၃၈ မိနစ်တွင် ပင်နယ်တီဖြင့် တတိယမြောက် ဂိုးကို ထပ်မံ
ရယူခဲ့သည်။
ထို့ပြင် အစ်စကိုသည် ပွဲချိန် ဒုတိယပိုင်း ၆၆ မိနစ်၌
ပင်နယ်တီဂိုး ထပ်မံ ရရှိခဲ့သည်။ ပွဲချိန် ၇၉ မိနစ်တွင် ဖာသီ အိုဘိုရီနီသည်
အီတလီ အသင်းအတွက် နှစ်သိမ့်ဂိုး တစ်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးသည်အထိ
ဂိုးထပ်မံသွင်းယူနိုင် ခြင်းမရှိသောကြောင့် စပိန်အသင်းမှာ ၄ဂိုး-၂ဂိုးဖြင့်
အောင်ပွဲခံ သွားခဲ့ကြောင်း သိရသည်။
မြ၀တီ
